October 18, 2024

◾ အကြမ်းဖက်မှုများ၊ ဆင်းရဲမှုနှုန်းမြင့်တက်ခြင်းနှင့် ဖိနှိပ်မှုများက ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းရေး မျှော်လင့်ချက်များကို ဖျက်ဆီးနေကြောင်း ဂူတာရက်စ် ပြော

၇. ၉. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ရန်အပြင် ဒီမိုကရေစီလမ်းကြောင်း ပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန် တံခါးဖွင့်လှစ်စေလိုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကအာဆီယံထိပ်သီးအစည်းအဝေးနောက်ဆုံးရက်ဖြစ်သော စက်တင်ဘာ ၇ ရက်နေ့က အာဆီယံခေါင်းဆောင်များအပြင် တရုတ်၊အိန္ဒိယ၊ အမေရိကန်အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးချိန်အတွင်း တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့အတူ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို အမြန်ဆုံး အဆုံးသတ်နိုင်ရန်ဝိုင်းဝန်း ကြိုးပမ်းစေလိုကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်က တိုက်တွန်းတောင်းဆိုခဲ့သည်။

ဂူတာရက်စ်က ” မြန်မာနိုင်ငံရဲ့အခြေအနေတွေဟာ ၂၀၂၂ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက်ပိုင်း ပိုဆိုးလာနေတယ်။ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးနဲ့ လူအခွင့်ရေးအခြေအနေတွေ ဆိုးရွားလာတာကို စိုးရိမ်မှုဖြစ်ရတယ်” ဟု ပြောသည်။

ထို့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာ့နိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့၏သဘောတူညီချက်ငါးချက် အကောင်ထည်ဖော်နိုင်ရေးကြိုးပမ်းမှုများကို ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများဖြစ်ပွားနေခြင်း၊ ဆင်းရဲမှုနှုန်းမြင့်တက်ခြင်းနှင့် ဖိနှိပ်မှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်လျှောက်လှမ်းရေးဆိုသောမျှော်လင့်ချက်များကို ဖျက်ဆီးနေကြောင်း ဂူတာရက်စ်က ထပ်မံပြောဆိုခဲ့သည်။

Ref; Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *