October 18, 2024

၇. ၉. ၂၀၂၃

Written by Min Mahar

ရွှေဘိုမြို့နယ်ရှိ အလက(မြင်းချင်း)တွင် လုံခြုံရေးဆောင်ရွက်နေသောအဖွဲ့အား PDF အဖွဲ့မှ Drop Bomb ၅ လုံးဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သဖြင့် စာသင်ဆောင်များပျက်ဆီးသွားမှု ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၇ ရက်)မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် လုံခြုံရေးဆောင်ရွက်နေသောအဖွဲ့ဝင်များအား PDF အဖွဲ့၏ Drone ယာဉ်တစ်စီးသည် ၎င်းကျေးရွာအနောက်တောင်ဘက် ၁ မိုင်ခန့်အကွာရှိ တင့်တယ်ကျေးရွာဘက်မှ ပျံသန်းလာပြီး Drop Bomp ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းခေါင်မိုးပေါ်သို့ ၁ လုံးနှင့် ကျောင်း၏ အနောက်ဘက်ဘန်ကာအနီးတွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း ပြန်လည် ပစ်ခတ်ခဲ့သဖြင့် ၎င်း Drone ယာဉ်သည် လာရာလမ်းအတိုင်း ပြန်လည်မောင်းနှင်သွားခဲ့ကြောင်း သိရသည်။

အလားတူပင် မွန်းလွဲ ၃ နာရီခန့်ကလည်း နောက်တစ်ကြိမ် ထပ်လာပြီး Drop Bomp ၃ လုံးဖြင့် ထပ်မံပစ်ချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း၏ အရှေ့ဘက်ရှိ လယ်ကွင်းများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်း Drone ယာဉ်သည် လာရာလမ်းအတိုင်း ပြန်လည်မောင်းနှင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါနှစ်ကြိမ်လုံးပစ်ချတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း အလက(မြင်းချင်း)ကျောင်း၏ အမိုးသွပ် ၁ ချပ်ပေါက်ပြဲသွားသည့်အပြင် မျက်နှာကျက်ကျောက်ပြား ၅ ချပ်နှင့် ပြတင်းပေါက်မှန် ၂ ချပ်တို့ ထိခိုက်ပျက်စီးသွားခဲ့ပြီး စုစုပေါင်း ခန့်မှန်းကာလတန်ဖိုး ၁ သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *