MT News
၈. ၉. ၂၀၂၃
နေပြည်တော်မှာ လည်ပတ်စရာခရီးစဉ်ဒေသ ၃၈ နေရာ ဖော်ထုတ်ထားရှိပြီး ပြည်တွင်း/ပြည်ပ ခရီးသွားတွေ လာရောက်လည်ပတ်နေသလို လက်ရှိလပ်ပတ်နိုင်တဲ့ ခရီးစဥ်တွေကိုလည်း စက်တင်ဘာ ၆ ရက်ကပြုလုပ်တဲ့ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီအစည်းအဝေးအပြီး ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
အရင်တုန်းက နေပြည်တော်မှာ လည်ပတ်စရာ ၃၄ နေရာပဲရှိရာက လက်ရှိမှာ ၃၈ နေရာဖြစ်လာတာဖြစ်ပြီး အဲဒီအထဲ ဥတ္တရသီရိမြို့နယ်မှာ(၄)နေရာ၊ ဇေယျာသီရိမြို့နယ် (၇)နေရာ၊ ပုဗ္ဗသီရိမြို့နယ် (၆)နေရာ၊ လယ်ဝေးမြို့နယ် (၄)နေရာ၊ ဒက္ခိဏသီရိမြို့နယ် (၂)နေရာ၊ ပျဉ်းမနားမြို့နယ် (၇) နေရာ၊ ဇမ္ဗူသီရိမြို့နယ် (၇)နေရာနဲ့ နေပြည်တော်စည်ပင်သာယာနယ်နိမိတ်ပြင်ပမှာ (၁)နေရာတို့ဖြစ်ပါတယ်။
လက်ရှိမှာ နေပြည်တော်ကို Clean City၊ Green City၊ Smart City ဖြစ်စေဖို့ အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်နေသသလို ခရီးသွားကဏ္ဍကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေဖို့၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဟာ နိုင်ငံသားအားလုံးအတွက် ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်တဲ့ လုပ်ငန်းကဏ္ဍတစ်ခု ဖြစ်လို့ နေပြည်တော်အတွင်း ခရီးစဉ်ဒေသတွေ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရင်ရှိပြီးတဲ့ ခရီးစဉ်နေရာဒေသတွေအပြင် အပန်းဖြေအနားယူနိုင်တဲ့ ခရီးစဉ်နေရာ အသစ်တွေ ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေပြီး သဘာဝကိုအခြေခံတဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေ၊ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်နိုင်ရေးကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ဖို့ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောပါတယ်။