October 18, 2024

၈. ၉. ၂၀၂၃
Written By Thandar

အကတွေကို ကကွက်မျိုးစုံကပြတတ်မှုကြောင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ဖြူဖြူထွေးက ဘုရင်မ သီချင်းဖန်တီးမှုကို ပရိသတ် မကြိုက်တဲ့အပေါ်မှာ တောင်းပန်ပါတယ်လို့ MTNews Entertainment ကနေ ပြောလာပါတယ်။

” ညီမက သီချင်းနဲ့ပတ်သက်ရင် အဆိုပိုင်းမှာ Zero Percent ပါ။ အားနည်းလို့လည်း ယုံကြည်မှု မရှိဘူးလို့ ပရိသတ်ကို ကြိုပြောထားပြီးသားပါ။ ဘုရင်မ သီချင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေ ဝေဖန်နေကြတော့ စိတ်ထဲလည်း မကောင်းဖြစ်ရပါတယ်။ ဘုရင်မ သီချင်းဖန်တီးမှုကို ပရိသတ် မကြိုက်တဲ့အပေါ်မှာ တောင်းပန်တယ်လို့ပဲ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ဖြူဖြူထွေးက ပြောပါတယ်

တေးရေး ဝေဘုန်းခန့်က ရေးသားပေးထားတဲ့ ဘုရင်မ တေးသီချင်းက လက်ထဲရောက်ရှိနေတာလည်း ကြာပြီလို့ သိပါတယ်။ ဘုရင်မ တေးသီချင်းသီဆိုမှု အပိုင်းမှာ အားမရတာတွေလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ဘုရင်မ တေးသီချင်းကို Like ၁၅၃၀၀၀ ကျော် ၊ Share ၆၂၀၀၀ ကျော်နဲ့ Comment ပေါင်း ၂၀၀၀၀ ကျော်ရှိနေတာလည်း ဖြစ်ပါတယ်။ Comment တချို့မှာ ဘုရင်မ သီချင်းကို ပရိသတ်က အသံနဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်နေကြတာလည်းရှိသလို အားပေးနေတဲ့ပရိသတ်တွေလည်း ရှိနေပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-08_14-15-56-746x1024.jpg

“ညီမ သီချင်းပိုင်းက ဆိုနေကျမဟုတ်တဲ့အတွက်လည်း အားမရဖြစ်ခဲ့တယ်။အဆိုပိုင်းမှာ ယုံကြည်မှုက တကယ့်ကို Zero Percent ပါ။ညီမ မြန်မာမှုမြန်မာသံစဉ်နဲ့ ပိုလိုက်ဖက်တယ်လို့လည်း ထင်မိတယ်။ ခေတ်ပေါ်တေးဂီတပိုင်းနဲ့ အဆင်မပြေဖြစ်နေတယ်လို့ ခံစားရတယ်။ ခေတ်တေးဂီတပိုင်းမှာ အမှားအယွင်းရှိသွားတယ်လို့ ပြောလို့ရပါတယ်။ ခုတော့ ဖြူဖြူထွေးရဲ့ဘဝကတော့ ပန်းရောင်းဇာတ်ဝင်ခန်းရိုက်လိုက်ရတာပဲ အဖတ်တင်သလိုခံစားလိုက်ရတယ်”လို့ သူမက ဆက်ပြောပါတယ်။

ဖြူဖြူထွေးရဲ့ ပထမဆုံး “မေမေဆူလည်း ဆူပါစေတော့ကွယ်” (Official Music Video) သီချင်း ၊ ဒုတိယ “အနုပညာသင်” တေးသီချင်းကို‌တော့ ကိုယ်တိုင် သီဆိုပြီးအငြိမ့်ပုံစံကပြတဲ့သီချင်း နှစ်ပုဒ်ထွက်ရှိခဲ့ရာ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *