October 18, 2024

၈. ၉. ၂၀၂၂
Written by Thettant

ကမ္ဘာပေါ်မှာ လူတွေနဲ့ ရင်းနှီးပြီး လူတစ်ယောက်လို အသိဉာဏ်ရှိတဲ့ ခွေးကလေးတွေဟာ တရားဝင်ရာထူးတွေရရှိပြီး လူတွေကို ကူညီကာကွယ်ပေးကြပါတယ်။ အဲဒီအထဲမှာ တချို့သော ခွေးတွေကတော့ မူးယစ်ဆေးတွေ၊ မိုင်းတွေရှာဖွေပေးပြီး လူ့အသိုက်အဝန်းက လူသားတွေ ဒုက္ခရောက်မဲ့ ဘေးဆိုးအမျိုးမျိုးက ကာကွယ်တတ်ကြပါသေးတယ်။

ဒီအထဲမှာ မြန်မာနိုင်ငံက ဗိုလ်ချုပ်ပြတိုက်လမ်းမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ခွေးကလေး Foxi လည်းအပါအဝင်ပါ။ လက်ရှိမှာ ခွေးကလေး Foxi ဟာ မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးရဲ့ စိတ်ကျန်းမာရေးမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေပြီလို့ သံရုံးက တရားဝင်ထုတ်ပြန်လာပါတယ်။

“အမြီးလေးတနှံ့နှံ့နဲ့ နွေးထွေးကြင်နာတတ်တဲ့ Foxi ဟာ သံရုံးရဲ့ စိတ်ကျန်းမာရေးမန်နေဂျာ ရာထူးကို တရားဝင် ထမ်းဆောင်နေပါတယ်။ စကားပြောဖော်လိုအပ်နေချိန်ဖြစ်ဖြစ်၊ အပြုသဘောဆောင်တဲ့ ခံစားချက်မျိုး လိုအပ်နေချိန်ပဲဖြစ်ဖြစ် Foxi က လက်ကလေးပေး၊ နားကလေး စွင့်ပြီး ဘေးနားမှာ ရှိနေပေးပါတယ်” လို့ German Embassy Yangon က မိတ်ဆက်ခဲ့တာပါ။။

ဂျာမန်သိုးထိန်းခွေးတွေဟာ စျေးကွက်မှာနာမည်ကြီးပြီး ကမ္ဘာ့အချမ်းသာဆုံး အိမ်မွေးတိရစ္ဆာစာရင်းမှာလည်း ဂျာမန်သိုးထိန်းခွေး Gunther 6 က ဒေါ်လာ သန်း ၅၀၀ ကြွယ်ဝမှုနဲ့ ပထမနေရာရပ်တည်နေသလို လက်ရှိမှာလည်း ဂျာမနီသံရုံးရဲ့ စိတ်ကျန်းမာရေးမန်နေဂျာဖြစ်လာတဲ့ ခွေးကလေး Foxi ရဲ့ ဝန်ထမ်းကတ်နဲ့ အခန့်သားပုံကို ကြည့်ပြီး ခွေးကလေး Foxi ရဲ့ အမျိုးအစား၊ အသက်အရွယ်၊ လစာ စတာတွေကို သိလိုသူတွေက မေးခွန်းထုတ်နေကြသလို အများစုကတော့ နှစ်လိုအားကျမိကြောင်း မှတ်ချက်ပြုနေတာပါ။

Photo- German Embassy Yangon

Leave a Reply

Your email address will not be published. Required fields are marked *