October 19, 2024

၈. ၉. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ပတ္တရားမြို့မှ ကမ္ဘာလှည့်ခရီးသွားများ အဓိကလာရောက်ရာ ရေပေါ်ဈေးတွင် စက်တင်ဘာ ၇ ရက် ညပိုင်းက မီးလောင်ကျွမ်းမှုကြောင့် ဈေးမှာ အကြီးအကျယ်ပျက်စီးခဲ့ရကြောင်း သတင်းများအရ သိရသည်။

ည ၈ နာရီမှစ၍ မီးလောင်ကျွမ်းမှုကို မီးသတ်ကား ၂၇ စီး၊ မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြသည်။ ဈေးအတွင်းရှိ ဆိုင်ခန်းများက သစ်သားနှင့်တည်ဆောက်ထားပြီး သက်ငယ်မိုးများသာဖြစ်ကြရာ မီးကဆိုင်ခန်းအများစုသို့ လျင်မြန်စွာကူးစက်လောင်ကျွမ်းမှု ဖြစ်ခဲ့သည်။ ဆိုင်ခန်းများအတွင်း ဓာတ်ငွေ့ဆလင်ဒါအိုးများပေါက်ကွဲမှုအသံများကိုလည်း ကြားနေရသည်ဟု ဆိုကြသည်။

This image has an empty alt attribute; its file name is photo_2023-09-08_12-48-19-1024x644.jpg

မီးကို ည ၁၀ နာရီခန့်တွင်မှ ထိန်းသိမ်းမှုပြုနိုင်ခဲ့သည်။ အကျယ်အဝန်းအားဖြင့် ၁၄,၄၀၀ စတုရန်းမီတာရှိနယ်မြေအတွင်းမှ ဆိုင်နှင့် အဆာက်အအုံများစွာ ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။ မီးလောင်မှုကြောင့် မီးသတ်သမားတစ်ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့သည်။ မီးလောင်မှု၏အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဟုလည်း မီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။

ပတ္တရားရေပေါ်ဈေးကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုင်းနိုင်ငံတစ်ဝန်းမှ ယဉ်ကျေးမှုနှင့် အနုပညာလက်ရာများကိုလည်းပြသထားပြီး နိုင်ငံ၏ ဒေသကြီးလေးခုစလုံးမှ ယဉ်ကျေးမှုနှင့် ရိုးရာပစ္စည်းများစွာဖြင့်ဖွဲ့စည်းတည်ဆောက်ကာ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ဖြင့် အမှတ်တရ ပစ္စည်းများစွာရောင်းချနေသောကြောင့် ကမ္ဘာလှည့်ခရီးသွားများအတွက် အထင်ကရ လာရောက်ရာနေရာလည်း ဖြစ်သည်။

Ref—-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *