October 18, 2024

၈. ၉. ၂၀၂၃
Written By Thandar

“မျော..တ လွင့် လွင့်” ဇာတ်လမ်းတိုရုပ်ရှင်ဟာ အာရှရဲ့ အကြီးဆုံး ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ ဘူဆန်ရုပ်ရှင်ပွဲတော်ရဲ့ Wide Angel Asian Short Film Competition မှာ ရွေးချယ်ခံရတယ်လို့ သိရပါတယ်။

“သူစိမ်းတို့ရဲ့အလယ် ပါရီမြို မှာ ကျွန်တော်ရိုက်ကူးထားတဲ့ “မျော..တ လွင့် လွင့်” ဇာတ်လမ်းတိုရုပ်ရှင်ဟာ အာရှရဲ့ အကြီးဆုံး ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ ဘူဆန်ရုပ်ရှင်ပွဲတော်ရဲ့ Wide Angel Asian Short Film Competition မှာ ရွေးချယ်ခံရပါတယ်။ပဲရစ်မှာ ဇာတ်ကားတိုလေးတစ်ကား ရိုက်ခဲ့တယ်ဆိုတာ မယုံနိုင်သေးဘူး။ ကျွန်တော့်အတွက် အရမ်းစိတ်လှုပ်ရှားစရာ ခရီးတစ်ခုပါ” လို့ ဒါရိုက်တာ စိန်လျှံထွန်းက ဆိုပါတယ်။

“မျော တလွင့်လွင့်” ဇာတ်ကားဟာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ စိတ်ဒဏ်ရာတွေနဲ့ ‌နဲ့ ပါရီမြို့ ကို ရောက်လာတဲ့ မြန်မာကောင်လေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေ တွေ့ရှိခြင်းအဖြစ်တွေကို ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲက အဓိက ဇာတ်ကောင်ဖြစ်တဲ့ ပါရီရောက် မြန်မာကောင်လေးအဖြစ် “ကိုလတ်” (အနုပညာ) Kolatt Art က ပါဝင် သရုပ်ဆောင်ပေးထားတာလည်းဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-08_10-38-28-2-1024x414.jpg

” မျော.. တလွင့်လွင့်” ဇာတ်လမ်းမှာလည်း ကိုလတ်ကို ပါဖော့မန့် အနုပညာရှင်၊ ပန်းချီပညာရှင် ကိုဖြိုးအဖြစ် မြင်ရမှာဖြစ်ပါတယ်။

” ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ကိုလတ်က ဇာတ်လမ်း ပေးတဲ့ အချိန်ကအစ၊ ရိုက်ကူးရတဲ့ လေးရက်လုံးမှာ ဇာတ်ကို စီးမျောသူ ဖြစ်ပါတယ်။ မေတ္တာ စေတနာ အပြည့်ထားပြီး အနုပညာကို စူးစိုက်တဲ့ ကိုလတ် ကို ကျေးဇူးတင်ပါတယ်။ သူ့ရဲ့ မေတ္တာစေတနာကြောင့် ဒီရုပ်ရှင်လေး ခုလို ဖြစ်လာတာ ကျေးဇူးအထူးတင်ပါတယ်” လို့ ဒါရိုက်တာ စိန်လျှံထွန်းကပြောပါတယ်။

ဒါရိုက်တာ စိန်လျှံထွန်းဟာ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ 2022 ခုနှစ် ဇာတ်ညွှန်းအစီအစဥ်မှာ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ ဒါ့အပြင် သူရိုက်ကူးထားတဲ့ ” ပြေလျော့နွေ” ဇာတ်လမ်းကိုလည်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပါဝင်ပြသနိုင်ခဲ့ပြီး ဆုတွေလည်းရရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *