October 18, 2024

ဇူလိုင်လအတွင်းဖြစ်ပွားသော မီးလောင်မှုအချို့မြင်ကွင်း (ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

MT News
၈. ၉. ၂၀၂၃

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယခုနှစ် ဇူလိုင်လကုန်အထိ မသမာသူရှို့မီးနှင့် သောင်းကျန်းသူရှို့မီးအပါအဝင် မီးလောင်မှု ၁၀၁၂ ကြိမ်ဖြစ်ပွားပြီး လူ ၅၅ ဦး သေဆုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း နိုင်ငံတော်တစ်ဝန်းလုံးတွင် မီးလောင်မှု ၇၀ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးအမျိုးအစားအလိုက် မီးဖိုမီး ၄ ကြိမ်၊ ပေါ့ဆမီး ၂၂ ကြိမ်၊ အလိုအလျောက်မီး ၁ ကြိမ်၊ လျှပ်စစ်မီး ၃၂ ကြိမ်၊ မသမာသူရှို့မီး ၄ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၆ ကြိမ်၊ စုံစမ်းဆဲ ၁ ကြိမ် ဖြစ်သည်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးရသည့် အိမ်ခြေအဆောက်အဦ ၁၃၈ လုံးတွင် စက်ရုံ/အလုပ်ရုံ ၃ လုံး၊ ဂိုဒေါင် ၁ လုံး မီးလောင်ခံရပြီး မီးဘေးသင့်ပြည်သူ ၆၃၄ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဇူလိုင်လအတွင်း မီလောင်မှုများကြောင့် ဒဏ်ရာရ ၃ ဦးရှိခဲ့ပြီး ငွေကျပ် ၂၂၈၂ ဒသမ ၂၂၉ သန်းခန့် ဆုံးရှုံးခဲ့ရသည်။

This image has an empty alt attribute; its file name is photo_2023-09-08_09-51-26.jpg

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်အထိ ၇ လတာ ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မီးအမျိုးအစားအလိုက် မီးဖိုမီး ၁၅၇ ကြိမ်၊ ပေါ့ဆမီး ၂၈၈ ကြိမ်၊ အလိုအလျောက်မီး ၂၁ ကြိမ်၊ လျှပ်စစ်မီး ၃၀၄ ကြိမ်၊ မသမာသူရှို့မီး ၆၇ ကြိမ်၊ တောမီး ၉၄ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၇၆ ကြိမ်၊ မိုးကြိုးပစ် ၄ ကြိမ်၊ စုံစမ်းဆဲ ၁ ကြိမ် စုစုပေါင်း ၁ဝ၁၂ ကြိမ် ဖြစ်ပွားခဲ့သည်။ ၇ လတာမီးလောင်မှုများအတွင်း အိမ်ခြေအဆောက်အဦ ၂၆၃၀ လုံး မီးလောင်ပျက်စီးရမှုတွင် စက်ရုံ/အလုပ်ရုံ ၁၄ လုံးနှင့် ဂိုဒေါင် ၁၄၃ လုံး မီးလောင်ခံခဲ့ရပြီး မီးဘေးသင့်ပြည်သူ ၉၄၈၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ မီးလောင်မှုကြောင့် လူ ၅၅ ဦးသေဆုံးကာ ၁၂၉ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် တိရစ္ဆာန် ၂၉၈၄ ကောင် သေဆုံးပြီး ငွေကျပ် ၁၅၉၅ ဒသမ ၁၈၂ သန်းခန့် ဆုံးရှုံးခဲ့ရသည်။

ထိုသို့မီးလောင်မှုများအပြင် သဘာဝဘေးများဖြစ်သော တံတိုင်းပြိုကျမှု ၁ ကြိမ်၊ မြေပြိုကျမှု ၄ ကြိမ်၊ လေပြင်းတိုက်ခတ်မှု ၂ ကြိမ်၊ ရေကြီးမှု ၁ဝ ကြိမ်၊ ယာဉ်တိုက်မှု ၁၅ ကြိမ်၊ ယာဉ်တိမ်းမှောက်မှု ၃ ကြိမ်၊ ရေယာဉ်နစ်မြုပ်မှု ၁ ကြိမ်၊ ရေနစ်မြုပ်မှု ၃ ကြိမ်၊ မိမိကိုယ်ကိုယ်သေကြောင်းကြံမှု ၂ ကြိမ်၊ ရေတွင်းထဲပြုတ်ကျမှု ၁ ကြိမ်၊ ဗုံးပေါက်ကွဲမှု ၂ ကြိမ်၊ သစ်ပင်ပြိုလဲမှု ၃၃ ကြိမ်၊ မတော်တဆထိခိုက်မှု ၂ ကြိမ်၊ တိရစ္ဆာန်ကယ်ဆယ်မှု ၉ ကြိမ်၊ ကူညီကယ်ဆယ်ရှင်းလင်းမှု ၁၇၈ ကြိမ် စုစုပေါင်း ၂၆၆ ကြိမ်ဖြစ်ပွားခဲ့သည်။ ထိုကဲ့သို့သော သဘာဝဘေးအန္တရာယ်နှင့် မတော်တဆထိခိုက်မှုဖြစ်စဉ်များတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရှိ သန္ဓေအင်အား ၁၁၃၁၂ ဦးနှင့် အရန်မီးသတ်အင်အား ၂၆၂ ဦးတို့မှ ကူညီဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်မှုကြောင့် သေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာရရှိသူ ၅၅ ဦးတို့အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *