◾ မြဝတီမြို့မရဲစခန်း တိုက်ခိုက်ခံရမှုအပြီး ဒရုန်းလွှတ်တိုက်ခိုက်ဖွယ်ရှိရာ ရွာများကို စိစစ်ရာမှ ဒရုန်းထုတ်လုပ်နေသည့် PDF များ ဖမ်းမိခဲ့ခြင်းဖြစ်
၇. ၉. ၂၀၂၃
Written by Nay Aung
မဲဆောက်မြို့ရှိအိမ်တစ်အိမ်တွင် ဒရုန်းနှင့် ဒရုန်းထုတ်လုပ်ရာတွင် အသုံးပြုသောပစ္စည်းများကို ဖမ်းဆီးရမိပြီးနောက် ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာနသည် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသ အဝင်အထွက်စစ်ဆေးရေးဂိတ်များကို တင်းကြပ်ထားကြောင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။
စက်တင်ဘာ ၃ ရက်နေ့က မြန်မာနိုင်ငံ၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှုရုံးနှင့် အုပ်ချုပ်ရေးမှူးရုံးတို့ကို ဒရုန်းဖြင့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ထိုင်းလုံခြုံရေးတပ်ဖွဲ့များသည် နယ်စပ်ဒေသအနီးရှိ ဒရုန်းအသုံးခဲ့ပြုခဲ့သောနေရာဖြစ်ဖွယ်ရှိသည့် ကျေးရွာများကို ကနဦး စုံစမ်းစစ်ဆေးခဲ့ပြီးနောက် စက်တင်ဘာ ၅ ရက်နေ့တွင် Mae Kasa ဒေသရှိ ငှားရမ်းနေထိုင်နေသည့်အိမ်တစ်အိမ်ကိုစီးနင်းရှာဖွေခဲ့ရာ ဒရုန်းများနှင့် ဒရုန်းထုတ်လုပ်ရာတွင်အသုံးပြုသော ပစ္စည်းများနှင့်လူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါအိမ်တွင်ဖမ်းဆီးရမိခဲ့သော ဒရုန်းများသည် မြဝတီမြို့ကိုတိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ဒရုန်းများဖြစ်ဖွယ်ရှိနေကြောင်း၊ မြဝတီကို ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် မဲဆောက်မြို့ရှိအိမ်ကို ပြန်ယူဆောင်လာခြင်းဖြစ်ဖွယ်ရှိနေကြောင်း နစကကို လက်နက်ကိုင်တိုက်ခိုက်နေသော အဖွဲ့များ၊ PDF အဖွဲ့များ ငှားရမ်းနေထိုင်နေသည့်အိမ်ဖြစ်ဖွယ်ရှိနေကြောင်း ထိုင်းသတင်းများကဖော်ပြထားသည်။
ထိုင်းတက်ခ်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့များသည် စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်းတည်းက ထိုင်းနှင့် မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားအပြင် နယ်စပ်စစ်ဆေးရေးဂိတ်များ၏ အဝင်အထွက်များကို လုံခြုံရေးတင်းကြပ်ထားရကြောင်း သိရသည်။
နစကကို လက်နက်ကိုင်တိုက်ခိုက်နေသည့်အဖွဲ့များသည် အဖွဲ့စည်းအသီးသီးနှင့်တွေ့ဆုံနိုင်ရန် မဲဆောက်မြို့တွင်အိမ်များ မကြာခဏငှားရမ်းနေထိုင်နေရာ ထိုင်းနိုင်ငံ၏ လုံခြုံရေးကိုသက်ရောက်မှုများရှိလာခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ လအစောပိုင်းကလည်း ထိုင်းအာဏာပိုင်များသည် ဆေးဝါးကုသရန် မဲဆောက်မြို့ကို လာရောက်ခဲ့သော PDF အဖွဲ့ဝင်များကို ဖမ်းဆီးပြီး မြန်မာအာဏာပိုင်များထံပြန်လည်လွှဲပြောင်းပေးခဲ့ဖူးကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်ခြမ်းတွင် နေထိုင်ပြီး NUG ၏ MOD အတွက် ဒရုန်းများထုတ်လုပ်ပေးနေသော PDF အဖွဲ့ဝင် ၁၀ ဦးခန့်နှင့် ပတ်သက်သည့်သတင်းကို MT News သတင်းဌာနက ကနဦးဖော်ပြခဲ့ပြီးဖြစ်ပြီး ယခုလင့်ခ်တွင် ဖတ်ရှုနိုင်မည်ဖြစ်သည်။
Ref; matichon