၇.၉.၂၀၂၃
Written by Nay Moe
ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းတွင် လခရအင်အား ၁၀၀ ပါဝင်သောစစ်ကြောင်းနှင့် PDF အဖွဲ့ ၂၀ ကျော်တို့ စက်တင်ဘာ ၆ ရက် မနက် ၈ နာရီမှစပြီး ထိတွေ့တိုက်ပွဲ ၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ လခရစစ်ကြောင်းသည် ယင်းမာပင်မြို့နယ်၊ ကျောက်ကုန်းရွာဘုန်းကြီးကျောင်းအနီး ၃ ရက် တပ်စွဲပြီး စက်တင် ဘာ ၆ ရက် နံနက် ၈ နာရီတွင် ကျောက်ကုန်းရွာ အနောက်ဘက်တောပြင်သို့ ထွက်ရှိလာရာမှ ULF (ပြည်ထောင်စုလွတ် မြောက်ရေးတပ်ဦး)၏ ကင်းပုန်းတပ်စိတ်နှင့် ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲကြာချိန် ၂ နာရီအတွင်း လခရများဘက်မှ အထိအခိုက်/ ကျဆုံး ၁၅ ဦးအထက်ရှိပြီး အတွင်းသတင်းအရ ၅ ဦးသေဆုံးခဲ့သည်ဟုဆိုကာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှလည်း ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် (၄)ကြိမ်တိတိ ပစ်ကူပေးခဲ့သည်ဟုဆိုသည်။
ထိုတိုက်ပွဲတွင် ULF(မဟာမိတ်တပ်ပေါင်းစု)မှ PDF ၆ ဦး အသက်အန္တရာယ် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး မစ်ရှင်ကို အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ MA (1) နှစ်လက်၊ MA (2) တစ်လက်၊ 5.56 ကျည် (400) တောင့်၊ ကျည်ဘောက်နှစ်ဘောက်၊ Icon ၁ လုံးနှင့် ဖုန်း ၁ လုံးတို့ သိမ်းဆည်းခဲ့သည်ဟု သိရသည်။
ထိုမစ်ရှင်ကို ULF (တပ်ပေါင်းစု)မှ စစ်ကြောင်းမှူး ဗိုလ်နိုင်မင်းဦးဆောင်ပြီး Comrade Column(CC)မှ နဂါးညီနောင်တပ်ဖွဲ့ (DBTF)၊ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့၊ ချိုမိုင်မိုင်တော်လှန်ရေးအင်အားစု၊ ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး (LPDF)၊ ဗိုလ်ထွန်း တောက်(LPDF)၊ Chindwin Myay Division PDF(တပ်ခွဲ)၊ B Two Fighters၊ Bant Two၊ Alpha Column မှ ခွဲ(၁)Alpha Special Force၊ ခွဲ(၂)Triple Two Task Force၊ ခွဲ(၃)Chindwin Galone Yarzar Gureilla၊ ခွဲ(၄)Monywa Truth Of Force၊ ခွဲ(၅)Yinmarbin Local PDF၊ KLG Column(တပ်ရင်း ၂၁၊၂၂၊၂၃) တို့အပြင် ဒေသမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် ယင်းမာပင်ခရိုင်(တပ်ရင်း ၁/၂)၊ YMB Column၊ B 21 PDF (တပ်ရင်း ၁၇)၊ PDA(တပ်ရင်း ၃၅)၊ ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့တို့မှ ပူးတွဲမစ်ရှင်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။