October 18, 2024

မြန်မာ့တပ်မတော်(လေ) ၏ Yak-130 အမောင်းသင်တိုက်လေယာဉ်များနှင့် Su-30 SME ဘက်စုံသုံးတိုက်လေယာဥ်ကို တွေ့ရစဉ်။

◾ လက်ရှိတွင် Yak-130 အမောင်းသင်တိုက်လေယာဉ်များ၊ လက်နက်ခဲယမ်းများထောက်ပံ့ပေးရေး သဘောတူစာချုပ် ချုပ်ဆိုရန် ဆက်လက်ဆောင်ရွက်နေ

၇.၉..၂၀၂၃
Translated by Htwe Ko Tun

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စစ်ရေးကဏ္ဍ၌ပူးပေါင်းဆောင်ရွက်မှုက ယခုအခါသိသိသာသာ တိုးမြင့်လာနေပြီဟုဆိုရမည်ဖြစ်သည်ဟု ရုရှားနိုင်ငံ၏ စစ်ဘက်သုံးနည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSMTC) က MT News သတင်းဌာန၏ မေးမြန်းမှုအပေါ် တုံ့ပြန်ဖြေဆိုသည်။

မြန်မာနိုင်ငံက အရှေ့တောင်အာရှဒေသတွင် ရုရှား၏အဓိကကျသောမိတ်ဖက်နိုင်ငံများအနက် တစ်နိုင်ငံလည်းဖြစ်ရာ ရုရှားအနေဖြင့်လည်း မြန်မာ့တပ်မတော်၏လုပ်ငန်းများအားလုံးကို စစ်လက်နက်ပစ္စည်းနှင့် ကိရိယာများထောက်ပံ့မှုနှင့်အတူ ဆောင်ရွက်သွားရန် အသင့်ရှိနေသည်ဟု ပြောကြားသည်။

အဓိကအားဖြင့် Rosoboronexport ကဲ့သို့ ကုမ္ပဏီများအပါအဝင် အခြားရုရှားကုမ္ပဏီများက မြန်မာနိုင်ငံအတွင်း အစိုးရလက်နက်ကိုင်တပ်ဖွဲ့များ၏လုပ်ငန်းများအားလုံးအတွက် ရုရှားစစ်ဖက်ထုတ်ကုန်ပစ္စည်းများ မြှင့်တင်ရေးကို ဆောင်ရွက်သွားကြမည်ဖြစ်သည်။

လက်ရှိတွင် ရုရှားနိုင်ငံက Yak-130 အမောင်းသင်တိုက်လေယာဉ်များနှင့် ၎င်းလေယာဉ်များအတွက် လက်နက်ခဲယမ်းများထောက်ပံ့ပေးရေး သဘောတူစာချုပ်တစ်ရပ်ချုပ်ဆိုသွားနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ အလားတူ သဘောတူစာချုပ်တစ်ရပ်ကို ရုရှားထုတ် Su-30 SME ဘက်စုံသုံးတိုက်လေယာဉ်များအတွက်လည်း ချုပ်ဆိုသွားနိုင်ကြောင်း သိရသည်။

ရုရှားအစိုးရက Su-30 SME ဘက်စုံသုံးတိုက်လေယာဉ်နှစ်စီးကို ၂၀၂၂ ခုနှစ်ကပင် ပေးပို့ခဲ့ပြီးဖြစ်ကာ သဘောတူစာချုပ်အရ သတ်မှတ်သဘောတူကာလအတွင်း ထပ်မံ ပေးပို့သွားလိမ့်မည်ဖြစ်သည်။

ပုံစာ။ မြန်မာ့တပ်မတော်(လေ) ၏ Yak-130 အမောင်းသင်တိုက်လေယာဉ်များနှင့် Su-30 SME ဘက်စုံသုံးတိုက်လေယာဥ်ကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *