October 18, 2024

၇.၉.၂၀၂၃
Written By Thandar

ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ တေးသီချင်းသစ်၊ ဖျော်ဖြေပွဲတွေကို တင်ဆက်ပေးနေလျှက်ရှိတဲ့ Bo Bo Company Limited Page တွေ Hack ခံထားရတာကြောင့် ဆုံးရှုံးနစ်နာမှုတွေ အများကြီးရှိနေတယ်လို့ တည်ထောင်သူ ကိုဘိုစန်းက MTNews Entertainment ကို ပြောပါတယ်။

လက်ရှိမှာ Bo Bo Entertainment Page, Bo Bo Music Production Page, Bo Bo Film Production Page နဲ့ “ရိုးမပေါ်ကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကြီး Page တွေ အကုန် Hack ခံထားရတာလည်း ဖြစ်ပါတယ်။

“ကျွန်တော်ရဲ့ Page တွေ အကုန်လုံးကို လွန်ခဲ့တဲ့ ၁၀ ရက်လောက်ထဲက Hack ခံထားရတာပါ။ ငွေတွေ ဘာတွေ တောင်းတာတွေ ဘာတွေတော့ မရှိပါဘူး။ Hack ပြီးတော့ ကျွန်တော့်အထင် ပြန်ရောင်းစားတာလား မသိဘူး။ China Travel, Trip.com အဲဒီ နာမည်တွေဖြစ်နေတယ်။ ကျွန်တော့် Page တွေအကုန်လုံးက Blue Mark ရထားတာပါ။ ကျွန်တော်အနေနဲ့ ပြန်ရအောင်တော့ လုပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကပြဿနာက Page တွေမှာ ရုပ်ရှင်ဇာတ်ကားသစ်တင်တာတွေ၊ ရှိုးပွဲလုပ်မှာကြေညာတာ နှစ်ပေါင်းမနည်းတော့ဘူး။ ခုချိန် Hack ခံရတော့ ပြဿနာတွေတော်တော် အခက်အခဲဖြစ်သွားတယ်။ ဆုံးရှုံးနစ်နာမှုတွေကတော့ များပါတယ်။ လေပတ်ကားဆိုရင် ဒီကြော်ငြာတွေ တစ်ခုမှ မတင်ရဘူး။ အဆိုရှင်သစ်တွေရဲ့ သီချင်းတွေလည်း တင်လို့မရဖြစ်သွားတယ်” လို့ ကိုဘိုစန်းက ပြောပါတယ်။

အဆိုပါ Page တွေဟာ ရုပ်ရှင်ဇာတ်ကားသစ်တွေ၊ တေးဂီတဖျော်ဖြေပွဲတွေ၊ တေးသီချင်းသစ်တွေ ထွက်ရှိတဲ့အချိန်မှာ အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတဲ့ Page တွေလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Page အသစ်ပြန်ဖွင့်ရင်လည်း Like & Follow လူများလာဖို့ မလွယ်ကူသလို Blue Mark ရရှိပြီးသားတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိ Page တင်ထားတဲ့ ကိစ္စအဝဝတွေကို Bo Bo Company Limited နဲ့ လုံးဝမသက်ဆိုင်ပါကြောင်း ပရိသတ်ကို အသိပေးလာတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *