October 18, 2024

MT News

Written By Thandar

၁၀ ကြိမ်မြောက် Miss Universe Myanmar 2023 ရဲ့ National Costume ပြိုင်ပွဲကြီးကို စက်တင်ဘာ ၅ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Wyndham Grand Hotel မှာ ကျင်းပခဲ့ရာ ဟားခါးမြို့ ကိုယ်စားပြုအလှမယ် ယွန်းမေအောင်နဲ့ ပုသိမ်မြို့ ကိုယ်စားပြုအလှမယ် နိုနိုမေတို့က The Best National Costume ဆုကို ပူးတွဲရရှိခဲ့ပါတယ်။

ဒါ့အပြင် အကဲဖြတ်ဒိုင်တွေ ရွေးချယ်မှုတွေနဲ့ အဆိုပါပြိုင်ပွဲမှာ တာချီလိတ်မြို့ ကိုယ်စားပြုအလှမယ် နန်းနန္ဒာလင်းကလည်း National Costume People’s Choice Award ဆုကို ထပ်မံ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

“ညီမရဲ့ အမတစ်ယောက်ဖြစ်တဲ့ စီနီယာဖြစ်တဲ့ မသူဇာဝင့်လွင်တုန်းက ဒီဆုလေးကို International မှာ ဒီဆုကို ရခဲ့ဖူးတယ်။ ဒီဝတ်စုံလေး ဝတ်ရတာ အရမ်းကို ဂုဏ်ယူရပါတယ်။ ဒီဝတ်စုံက 40 Kg လောက်လေးတယ်။ ညီမအလှည့်မှာ လဲမလိုဖြစ်ခဲ့တယ်။ နောက်တော့မှ ကိုယ့်နာမည်အော် ဆုကြေညာလိုက်တော့ မျက်ရည်ပါကျတဲ့အထိ ပျော်ရပါတယ်ရှင်။ ညီမ အဖေနဲ့အမေကို တခါမှ မမြင်ဖူးပါဘူး။ ညီမက တကယ်တော့ မိဘမဲ့တစ်ယောက်လည်း ဖြစ်ပါတယ်။ ညီမအနေနဲ့ ချင်းလူမျိုးတွေရဲ့ ခေါင်ရည်သောက်၊ ချင်းတို့ရဲ့ အောက်ချင်းငှက်နဲ့အတူ ဖြူစင်မှုကို ဖော်ပြထားတဲ့ ဝတ်စုံလေးပါ” လို့ The Best National Costume ဆုရှင် ဟားခါးကိုယ်စားပြုအလှမယ် ယွန်းမေအောင်က ပြောပါတယ်။

Trust Entertainment မှ ကြီးမှူးကျင်းပတဲ့ Miss Universe Myanmar 2023 ရဲ့ National Costume competition မှာ မတူညီဆန်းပြားတဲ့ ဝတ်စုံများနဲ့အတူ အလှမယ် ၃၂ ဦးက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ National Costume ယှဥ်ပြိုင်မှုမှာ ချင်းရိုးရာ ခေါင်ရည်သောက်ပွဲတော်၊ ချင်းတို့ရဲ့ဒေသ အောက်ချင်းငှက်ဝတ်စုံနဲ့ ဟားခါးမြို့ ကိုယ် စားပြုအလှမယ် ယွန်းမေအောင်နဲ့ ဧရာဝတီနှလုံးသားထဲကစားဖွယ်ရာ (မုန့်ဟင်းခါး) အမည်ရှိဝတ်စုံနဲ့ ပုသိမ်မြို့ ကိုယ်စားပြုအလှမယ် နိုနိုမေက The Best National Costume ဆုအပြင် ခေမရဌ်တိုင်း ရှမ်းမဟာဒေဝီ အမည်ရှိဝတ်စုံနဲ့ တာချီလိတ်မြို့ အလှမယ် နန်းနန္ဒာလင်းက National Costume People’s Choice Award ဆုတို့ကို ရရှိခဲ့တာဖြစ်ပါတယ်။

“ဒီဆုရလို့ မထင်မှတ်ထားလောက်အောင် ဝမ်းသာမိပါတယ်။ ကိုယ့် ကြိုးစားမှုရလဒ်ထွက်လာလို့ ပျော်ပါတယ်။ မုန့်ဟင်းခါးပုံပေါ်အောင် အနုစိတ်ပုံဖော်ပေးထားတယ်။ ဒီဇိုင်းနာ သဲစန္ဒီဦးကိုလည်း ကျေးဇူးတင်တယ်။ ဒီဝတ်စုံကို သဘောကျတယ်။ နည်းနည်းတော့ တော်တော်လေးတယ်။ နောက်က ထမ်းတာက သံနဲ့လုပ်ထားတာ ဆိုတော့။ ပထမ စတပ်ကာစက နည်းနည်းနာတယ်။ ခုလိုပင်ပန်းရကျိုးနပ်တော့ပျော်ပါတယ်” လို့ Miss Universe Best National Costume ဆုရှင် ပုသိမ်မြို့ ကိုယ်စားပြုအလှမယ် နိုနိုမေကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *