October 18, 2024

MT News

written by Htwe Ko Tun

၂၀၂၄ ခုနှစ် AFC ယူ-၂၃ ပြိုင်ပွဲ၏ ခြေစစ်ပွဲများကို ကျင်းပလျက်ရှိရာ အုပ်စု (B) တွင် ပါဝင်သော မြန်မာ ယူ-၂၃ အသင်းက ကာဂျစ်စတန်အသင်းနှင့် စက်တင်ဘာ ၆ ရက်တွင် ပွဲဦးထွက်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ကြောင်း သိရသည်။

မြန်မာအသင်းက ပထမပိုင်းပြီးသည်အထိ တစ်ဂိုး-ဂိုးမရှိဖြင့်ဦးဆောင်ထားကာ ဒုတိယပိုင်းတွင်လည်း အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့ပြီး မိနစ် ၉၀ အလွန် နာကျင်အချိန်ပိုတွင်မှ ချေပဂိုးပေးလိုက်ရခြင်းဖြစ်ပြီး မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားသွားနိုင်ခဲ့သည်။

မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ကောင်းထက်ပိုင် (နံပါတ် ၅) က ၂၃ မိနစ်တွင် သွင်းယူပေးခဲ့သည်။ မြန်မာအသင်းအနေဖြင့် ပယ်နယ်တီအပါအဝင် သေချာပေါက် ဂိုးရနိုင်ခြေ အခွင့်အလမ်းအချို့ဆုံးရှုံးခဲ့ရသဖြင့် သရေနှင့် ကျေနပ်လိုက်ရခြင်းဖြစ်သည်။

မြန်မာ ယူ-၂၃ အသင်းက ဒုတိယပွဲအဖြစ် ၂၀၂၄ ခုနှစ် AFC ယူ-၂၃ ပြိုင်ပွဲ၏ အိမ်ရှင် ကာတာ ယူ-၂၃ နှင့် ယှဥ်ပြိုင် ကစားရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *