၇. ၉. ၂၀၂၃
Written by Nay Moe
ငါန်းဇွန်မြို့နယ် နဘဲပင်ရွာတွင် အရွယ်မရောက်သေးသော မိန်းကလေးနှစ်ဦးအပါအဝင် လူ ၇ ဦးကို “ဒလန်၊ သတင်းပေး”ဟု စွပ်စွဲပစ်ခတ် သတ်ဖြတ်၍ ငါးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရှိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာ၌ PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေသူများဖြစ်သည့် ဦးဝင်းချို (၄၈)နှစ်၊ ၎င်း၏ဇနီး ဒေါ်နုနုဝင်း (၅၃)နှစ်၊ ဦးအောင်ခိုင် (၄၅)နှစ်၊ ဦးမြို့ဇော်ဦး (၄၈)နှစ်နှင့် ဦးညွန့်ပြေ (၃၃)နှစ် တို့သည် ၎င်းတို့၏နေအိမ်များ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။
ထို့အပြင် ဦးဝင်းချို၏ သမီးများဖြစ်ကြသည့် မသဲစုမွန် (၁၃)နှစ်နှင့် မသဲစုနိုင် (၉)နှစ်တို့ နှစ်ဦးတွင်လည်း လည်ပင်း၊ ခါး၊ လက်နှင့် ခြေထောက်တို့၌ ကျည်ထိမှန်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အားစိစစ်ခဲ့ရာ စက်တင်ဘာလ ၂ ရက် ည ၈ နာရီတွင် နဘဲပင်ကျေးရွာအတွင်းသို့ PDF ၁၅ ဦးခန့်သည် ဆိုင်ကယ်ခုနှစ်စီးဖြင့် ဝင်ရောက်လာပြီး သေဆုံး၊ ဒဏ်ရာရရှိသူများအား “ဒလန်၊ သတင်းပေးများ” ဟုစွပ်စွဲ၍ သေနတ်ဖြင့်ပစ်ခတ်သတ်ခြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးအား ဆေးကုသမှုခံယူနိုင်ရေး ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။