၆. ၉. ၂၀၂၃
Written by Nay Aung
အာဆီယံခေါင်းဆောင်များသည် စက်တင်ဘာ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင်ဆွေးနွေးခဲ့ပြီးနောက် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံ ပူးတွဲကိုင်တွယ်သွားမည့် အစီ အစဉ်ကို ဖော်ပြသဘောတူခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေနေများကြောင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌသက်တမ်းတစ်ခုအတွင်း အပြီးသတ်ကိုင်တွယ်ဖြေရှင်းနိုင်ရန် အလားလာနည်းသည့်အတွက်အာဆီယံအလှည့်ကျဥက္ကဋ္ဌသုံးနိုင်ငံ ပူးပေါင်းကိုင်တွယ်မည့်အစီအစဉ်ကို သဘော တူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်အရ အာဆီယံအလှည့်ကျဥက္ကဋ္ဌဟောင်း၊ အာဆီယံအလှည့်ကျလက်ရှိဥက္ကဋ္ဌနှင့် လာမည့် အာဆီယံအာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မ့ာအရေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံ ပူးပေါင်းကိုင်တွယ်မည့်အစီအစဉ်အရ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့်လာအိုနိုင်ငံတို့ ယခုနှစ်တွင် ပူးပေါင်းကိုင်တွယ်ရဖွယ်ရှိနေပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှား၊ လာအိုနှင့် မလေးရှားနိုင်ငံတို့ ပူးပေါင်းကိုင်တွယ်ရဖွယ်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ်နောက်ပိုင်းတည်းက မြန်မာ့အရေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌသုံးနိုင်ငံ ပူးပေါင်းကိုင်တွယ်မည့်အစီအစဉ်ကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်တွင်းပဋိပက္ခအတွင်း ပဋိပက္ခတွင် ပါဝင်နေသောအဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးနိုင်ရန် သုံးနိုင်ငံ ပူးတွဲကိုင်တွယ်သည့် အစီအစဉ်ကိုလုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။
အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်သည် မြန်မာကိုယ်တိုင်ဦးဆောင်ပြီး အငြင်းပွားမှုများကိုဖြေရှင်းနိုင်မည့် ငြိမ်းချမ်းရေးအဖြေရှာနိုင်ရန်နှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများဖြစ်လာစေရန်အတွက် ယုံကြည်မှုတည်ဆောက်နိုင်ရန် မြန်မာ့နိုင်ငံရေးတွင်ပါဝင်သော အဖွဲ့အစည်းအားလုံးနှင့် စေ့စပ်ဆွေးနွေးမှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အာဆီယံခေါင်းဆောင်များသည် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းရန် ကြိုးပမ်းရာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌသုံးနိုင်ငံ ဦးဆောင်မှုဖြင့် တရားဝင်တွေ့ဆုံဆွေးနွေးမှု၊ အလွတ်သဘောတွေ့ဆုံဆွေးနွေးသောပုံစံဖြင့်ချဉ်းကပ်မှုမျိုးကို လက်ခံရန်သဘောတူညီခဲ့ကြောင်း သိရသည်။
Ref; Thai PBS World