October 19, 2024

MT News

Written by Nay Aung

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည့် မြန်မာနိုင်ငံအစား အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားရန်အဆင့်သင့်ရှိနေကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက စက်တင် ဘာ ၅ ရက်နေ့တွင် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်လာချိန်အတွင်းထုတ်ဖော်ပြောဆိုသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ကအာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် ပဋိပက္ခများနှင့်အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားနေရာ ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူနိုင်ရန် အလားလာနည်းနေကြောင်း အစောပိုင်းကသတင်းများထွက်ပေါ်ခဲ့သည်။

ဖိလစ်ပိုင် သမ္မတက ” ၂၀၂၆ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူဖို့ အဆင့်သင့်ရှိနေတယ်လို့ သတင်းထုတ်ပြန်လိုက်ရတာဟာ ပျော်ရွင်စရာကောင်းပါတယ်။ ကျွန်တော်တို့ဟာ အာဆီယံအသိုက်အဝန်း တည် ဆောက်မှုဖောင်ဒေးရှင်း ခိုင်မာအောင် လုပ်ဆောင်သွားရဖွယ်ရှိနေပါတယ် ” ဟုပြောသည်။ သို့သော် ဖိလစ်ပိုင်သမ္မတသည် မြန်မာနိုင်ငံထံမှ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုလွှဲပြောင်းရယူခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။

ထို့အတူ အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်လာသော သံတမန်နှစ်ဦးကလည်း အာဆီယံခေါင်းဆောင်များသည် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့်ကိစ္စကို သဘောတူညီခဲ့ကြောင်း သိရသည်။

အာဆီယံသံတမန်တစ်ဦးက “အာဆီယံထိပ်သီးခေါင်းဆောင်တွေရဲ့အစည်းအဝေးမှာ ဒီကိစ္စကို ကြေညာဖွယ်ရှိနေပါတယ်။ ကန့်ကွက်မယ့်သူမရှိလောက်ဘူး”ဟုပြောသည်။

အာဆီယံအဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံကို ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနိုင်ခြင်း ရှိမရှိဆိုသောအချက်ကို စာရေးမေးမြန်းခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံကလည်းလက်ခံခဲ့ကြောင်း အာဆီယံသံတမန်တစ်ဦးက ပြောသည်။

အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်လာသော ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေနေများကို စဉ်းစားချင့်ချိန်ပြီးနောက် မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခွင့်ပေးမပေးဆိုသောအချက်ကို ထိပ်သီးအစည်းဝေးအပြီးတွင် ကြေညာဖွယ်ရှိနေကြောင်း အာဆီယံသံတမန်တစ်ဦးက ထပ်မံပြောဆိုထားသည်။

Ref; gulfnews

Leave a Reply

Your email address will not be published. Required fields are marked *