October 19, 2024

၅. ၉. ၂၀၂၃

Written by Nyein Kyaw

ပထမဆုံး မြန်မာ-ရုရှားခရီးစဉ်အဖြစ် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှ ရန်ကုန် – မန္တလေး – နိုဗိုစီဗစ်ခရီးစဉ် စတင်ပျံသန်းခြင်း အခမ်းအနားကို ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့သည်။

မြန်မာ-ရုရှား တိုက်ရိုက်လေကြောင်း ကွန်ရက်ချိတ်ဆက်မှုမှတစ်ဆင့် ရုရှားခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည် ပတ်နိုင်စေရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးမြင့်လာရေးတိုအတွက် အထောက်အကူ ဖြစ်စေရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန် – မန္တလေး – နိုဗိုစီဗစ် အသွား/အပြန်ခရီးစဉ်ကို အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့တို့တွင် ပုံမှန် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။

“ခရီးစဉ် Schedule ကတော့ ကျွန်မတို့ Website မှာ ခရီးစဉ်ရက်တွေ လေ့လာလို့ရတယ်။ ကျွန်မတို့ဆီမှာ ဘိုကင်တင်ပြီး လက်မှတ်ထုတ်တဲ့ ခရီးစဉ်တိုင်းအတွက်ကတော့ ရုံးချုပ်လာဝယ်ရင်လည်းဝယ်ပေါ့။ Online Payment နဲ့ချေပေါ့။ အရင်ခရီးစဉ်တွေအတိုင်းပါပဲ” ဟု MAI မှ တာဝန်ရှိသူက ပြောသည်။

ယနေ့တွင် ပြုလုပ်သည့် မြန်မာ-ရုရှားခရီးစဉ် စတင်ပျံသန်းခြင်းအခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာသံရုံးမှ ဒုတိယအကြီး အကဲ Mr. Pavel Klapukov နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)မှ ကိုယ်စားလှယ်တစ်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *