October 19, 2024

ဆက်သွယ်ရေးလိမ်လည်မှုဖြင့် ဖမ်းဆီးခံထားရသော တရုတ်နိုင်ငံသားများမြင်ကွင်း

အွန်လိုင်းလိမ်လည်မှုကျုးလွန်သူများတွင် တရုတ် ၂၆၉ ဦးအပါအဝင် လူ ၅၀၀ ကျော် ဖမ်းမိ

၅. ၉. ၂၀၂၃
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အတွင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် ပြည်နယ်လုံခြုံရေး ဦးစီးဌာနတို့ပူးပေါင်း၍ မြန်မာနိင်ငံမြောက်ပိုင်းရှိ မြန်မာအစိုးရ ဥပဒေစိုးမိုးရေးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသရှိ အွန်လိုင်းမှလိမ်ညာလှည့်ဖြားကာစီးပွားရှာနေသော အွန်လိုင်းတယ်လီကွန်း ကွန်ရက် အခြေစိုက်စခန်း ၁၁ ခုကို စက်တင်ဘာ ၃ ရက်က ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းမှလိမ်ညာ၍ စီးပွားရှာနေသော ဒုစရိုက်ဂိုဏ်းများအား မြန်မာနှင့်တရုတ် နှစ်နိုင်ငံပူးတွဲ နှိမ်နင်းမှုစစ်ဆင်ရေးအတွင်း တရုတ်နိုင်ငံသားများ ၂၆၉ ဦး၊ မြန်မာနိုင်ငံသား ၁၈၆ ဦး၊ ဗီယက်နမ် ၆၆ ဦး၊ မလေးရှား ၁၅ ဦးနှင့် ပိုင်ရှင်နှစ်ဦးတို့ကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါစခန်းများမှ များပြားလှသောဒုစရိုက်ဂိုဏ်းသုံးပစ္စည်းကိရိယာများ၊ ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ၊ ဖုန်းကတ်များ၊ ဘဏ်ကတ်များ၊ လိမ်ညာထားသူများ၏စာရင်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

၂၀၂၃ ခုနှစ်ဆန်းမှစ၍ တယ်လီကွန်းဆက်သွယ်ရေးဖြင့် လိမ်ညာမှုများကို မြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ်နိုင်ငံနှင့်ဆက်စပ်နေသောနေရာများမှ ဒုစရိုက်ဂိုဏ်းများက လိမ်ညာဆောင်ရွက်မှုများတိုးပွားလာခဲ့ရာ လူကုန်ကူးခြင်းနှင့်ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်းများပါများပြားလာခဲ့သည်။ ထို့ကြောင့်လည်း ၎င်းတို့ကို နှစ်နိုင်ငံပူးပေါင်းနှိမ်နင်းမှုများပြုလုပ်လာခြင်းဖြစ်သည်။

ထို့ကြောင့်လည်း အွန်လိုင်းမှလိမ်ညာ၍ စီးပွားရှာနေသော ဒုစရိုက်ဂိုဏ်းများ၏ အွန်လိုင်းမှဆက်သွယ်၍ အမျိုးမျိုးခေါ်ယူမှုများ၊ လစာမြင့်မားစွာရမည်ဟုဆိုကာ တရားမဝင် အလုပ်ခေါ်ယူမှုများကဲ့သို့ အွန်လိုင်း လိမ်ညာမှုများကိုသတိပြုကြရန် လုံ‌ခြုံရေးအဖွဲ့များကသတိပေးထားသည်။

Ref—- http://m.mps.gov.cn/

Leave a Reply

Your email address will not be published. Required fields are marked *