October 18, 2024

၅. ၉. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်က ဝန်ကြီးချုပ်ဟောင်းသက်ဆင်အပေါ် ချမှတ်ထားသည့် ထောင်ဒဏ်ရှစ်နှစ်ကို ခုနစ်နှစ်လျှော့ချပေးခဲ့ပြီးနောက် ထောင်တစ်နှစ်သာကျခံရတော့မည့် ဝန်ကြီးချုပ်ဟောင်းအနေဖြင့် ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ဆက်လက်ခံစားနေရသောကြောင့် ၎င်းအားပြစ်ဒဏ်မစေ့မီ ခံဝန်ဖြင့် လက်မှတ်ထိုးလွှတ်ပေးမှုရရှိရေးအတွက် ကြိုးစားသွားမည်ဟု သက်ဆင်၏ရှေ့နေ ဝန်ရတ်ချတ်မွန်ထရီက ပြောခဲ့သည်။

ပြည်ပသို့ ၁၅ နှစ်ကြာ ရှောင်တိမ်းရောက်ရှိနေခဲ့သော အသက် ၇၄ နှစ်ရှိပြီဖြစ်သည့်သက်ဆင်မှာ ပြစ်ဒဏ်ကျခံရပြီးနောက် ဩဂုတ် ၂၃ ရက်မှစ၍ ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု လျော့ကျခြင်းဝေဒနာများကြောင့် ဘန်ကောက်မြို့ Remand Prison အကျဉ်းထောင်မှ ရဲတပ်ဖွဲ့ဆေးရုံသို့ တင်ပို့ကုသမှု ခံယူခဲ့ရသည်။

ဝန်ရတ်က သက်ဆင်မှာ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုရရှိပြီးနောက်တွင်လည်း ဆက်လက်၍ ပင်ပန်းနွမ်းနယ်မှုဖြစ်လျက်ရှိကြောင်း၊ သို့သော် ကောင်းစွာ စကားပြောဆိုမှုပြုနိုင်ပါကြောင်း ပြောခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် သက်ဆင်အား ပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ချက်ဖြင့် လွှတ်ပေးမှုရရှိရေး ကြိုးပမ်းရန်စဉ်းစားလျက်ရှိကြောင်းလည်း ပြောခဲ့သည်။

အကျဉ်းသားတစ်ဦး၏လက်ရှိအခြေအနေက အကျဉ်းသားအက်ဥပဒေ(သို့မဟုတ်) ဆက်စပ်နေသော သက်ဆိုင်ရာဝန်ကြီးဌာန၏ကြေညာချက်တို့တွင်ပါရှိသောစံမှတ်ကျောက်နှင့်ကိုက်ညီပါက ၎င်းအနေဖြင့် ပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ချက်ဖြင့် လွှတ်ပေးမှုရရှိရေးအတွက် သဘောတူခြင်းခံရနိုင်ကြောင်းလည်း ဝန်ရတ်က ပြောခဲ့သည်။ ၎င်းက သက်ဆင်အနေဖြင့် ပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ချက်ဖြင့် လွှတ်ပေးမှု(သို့မဟုတ်)ခံဝန်ချုပ်ဖြင့်လွှတ်ပေးခြင်းတို့အတွက် သဘောတူခံရနိုင်ရန် အခွင့်အလမ်းများရှိ ကြောင်းလည်း ပြောခဲ့သည်။

Ref—-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *