October 19, 2024

၄. ၉. ၂၀၂၃
Written by Nay Aung

ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့ ARSA အဖွဲ့ဝင်များနှင့် ကုန်စည်များ တရားမဝင်ပို့ဆောင်ခြင်းများကို တားဆီးရန် ရည်ရွယ်ပြီး ဘင်္ဂလားဒေ့ရှ်ရေတပ်နှင့် မြန်မာရေတပ်တို့ ပူးတွဲကင်းလှည့်ရန် သဘောတူညီခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရေတပ် ဗိုလ်ချုပ် General Mustaque Ahmed နှင့် မြန်မာရေတပ်မှ ဗိုလ်ချုပ်ကျော်ကျော်ထူးတို့သည် စက်တင်ဘာ ၂ ရက်နေ့တွင် သဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ရေတပ်ဗိုလ်ချုပ် General Mustaque Ahmed သည် ၆ ကြိမ်မြောက် ကျင်းပမည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာရေတပ်ကြား တွေ့ဆုံမည့်အစည်းအဝေးပွဲကို တက်ရောက်လာခဲ့ပြီးနောက် နှစ်နိုင်ငံရေတပ်ကြား ပူးတွဲကင်းလှည့်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကင်းလှည့်ရာတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသကို ပိုင်းခြားထားသော နတ်မြစ်တစ်လျှောက် ပူးတွဲကင်းလှည့်မည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံနယ်စပ်ဒေသတစ်လျှောက်တွင် မူးယစ်မှောင်ခိုမှုများ၊ လူကုန်ကူးမှုများဖြစ်ပွားမှု အပါအဝင် ရာဇဝတ်မှုများ ဖြစ်ပွားမှု မြင့်တက်နေကြောင်း သိရသည်။

နှစ်နိုင်ငံရေတပ် ပူးပေါင်းပြီး နယ်စပ်ဒေသတွင် ကင်းလှည့်ခြင်းသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်ဒေသတွင်အခြေပြုလှုပ်ရှားနေသော ARSA တပ်ဖွဲ့များကို တားဆီးရန် ရည်ရွယ်ခြင်းဖြစ်သလို ဘင်္ဂါလီများ လူကုန်ကူးခံရခြင်းများကို တားဆီးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Ref; MGRonline

Leave a Reply

Your email address will not be published. Required fields are marked *