October 18, 2024

၅. ၉. ၂၀၂၃
Written By Thandar

မော်ဒယ်လ်တွေရဲ့ ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကိုဂျွန်လွင်ရဲ့ မိခင် ဒေါ်မြမြအေးမွေးနေ့ မိသားစုတို့ရဲ့ အလှူအဖြစ် ဘုရားဆင်းတု ၊ ပုတီး ၊ ဆန် ၊ ငွေ နဲ့ တခြားပစ္စည်းတွေကို စက်တင်ဘာ ၅ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၃ ရပ်ကွက်မှာ လှူဒါန်းခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-05_08-40-48-1-1024x768.jpg

“နာမည်ပေးရအောင်လို့ Page ထောင်ထားတဲ့ ဗေဒင်ဆရာ ကိုရဲဦးရယ်။ ကျွန်တော်နဲ့ အမေမွေးနေ့အတွက် ဒုတိယအကြိမ်လှူဒါန်းတာလည်း ဖြစ်ပါတယ်။ ကိုရဲဦးရဲ့ မွေးနေ့လည်း ဖြစ်တယ်။ အလှူကို အတူတူ လုပ်ချင်လို့ အတူပူပေါင်း လှူဒါန်းဖြစ်တာပါ။ အမေသက်ရှိထင်ရှားရှိချိန်မှာ အလှူတွေကို ကိုယ်ထိလက်ရောက် လှူဒါန်းနိုင်ဖို့ အဓိက ရည်ရွယ်ပြီးတော့ လှူဖြစ်ပါတယ်။ ကျွန်တော်ရော အမေက စနေဂြိုလ်စီးနေတဲ့အတွက် ဘုရား လှူရမယ်။ ဆန်၊ ဆီ၊ ဆား၊ ဆေး လှူဆိုတော့ လှူဖြစ်တာပါ”လို့ ကိုဂျွန်လွင်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-05_15-43-27-768x1024.jpg

ကိုဂျွန်လွင်ရဲ့မိခင်က အသက် ၈၈ နှစ်အရွယ် စုံနှစ်ထဲရောက်နေတဲ့အတွက် အလှူအတန်းတွေ ဆက်တိုက်လုပ်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေမှာ မဲလေးတွေ နှိုက်ပြီးတော့ ဘုရားဆင်းတု၊ ဆန်၊ ငွေ၊ ပုတီး နဲ့ တခြားပစ္စည်းတွေကို လှူဒါန်းမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *