October 18, 2024

၅. ၉. ၂၀၂၃
Written by Nay Aung

၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှုများသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း ပြည်ပသို့ တင်ပို့ခဲ့သောဆန်၊ ဆန်ကွဲအရေအတွက်နှင့် နှိုင်းယှဉ်လျှင်များစွာကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)၏ ထုတ်ပြန်သောအချက်လက်များအရသိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၅၉၉၇၁ တန်ချိန်သာတင်ပို့နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ်က ပြည်ပနိုင်ငံများသို့ ဆန် နှင့်ဆန်ကွဲတန်ချိန် ၁၅၆၈၉၃ တန်ချိန်တင်ပို့နိုင်ခဲ့ကြောင်း MRF ၏ အချက်လက်များတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ယခုနှစ် သြဂုတ်လတွင် ပြည်ပသို့ ဆန်တန်ချိန် ၃၃၇၅၅ တန်နှင့်ဆန်ကွဲ ၂၆၂၁၆ တန်ချိန်တင်ပို့ခဲ့ကြောင်း MRF အဖွဲ့ကဆိုသည်။

This image has an empty alt attribute; its file name is photo_2023-09-05_08-40-47.jpg

မြန်မာနိုင်ငံသည် ယခုနှစ် သြဂုတ်လအတွင်း နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဗီယက်နမ်၊ ပိုလန်၊ တရုတ်၊ စပိန် နှင့်ဖိလစ်ပိုင်နိုင်ငံတို့ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်ကို ဆန်နှင့်ဆန်ကွဲတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၂ ဒသမ ၂ သန်းတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅၃ ဒသမ ၄၇၂သန်းရရှိခဲ့ကြောင်းသိရသည်။ အယ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ကမ္ဘာတဝှမ်းတွင် ဆန်ဈေးကွက်မြင့်တက်နေချိန်တွင် မြန်မာနိုင်ငံကလည်း ပြည်တွင်းဆန်ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်နေခြင်းကို ထိန်းချုပ်ရန်အတွက် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုအချို့ ၄၅ ရက်ကြာ ကန့်သတ်ပိတ်ပင်သွားမည်ဖြစ်သည်။

ဆန်ပိုနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ပြည်ပတင်ပို့မှုလျော့ကျလာနေသော်လည်း ပြည်တွင်းဆန်စျေးကွက်မှာ ကျဆင်းခြင်းမရှိဘဲ စံချိန်တင်စျေးနှုန်းများ မြင့်တက်နေဆဲဖြစ်သည်။

Ref; Xinhua English

Leave a Reply

Your email address will not be published. Required fields are marked *