October 18, 2024

၅. ၉. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ ဖူးခက်မြို့ လူဝင်မှုကြီးကြပ်ရေးဌာန အာဏာပိုင်များသည် သြဂုတ်လအတွင်းက ဖူးခက်မြို့အတွင်း နေထိုင်ခွင့်သက်တမ်းထက် ကျော်လွန်နေထိုင်နေသူများ (Overstay) ဖြစ်နေသည့် နိုင်ငံခြားသား ၄၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ပြီး မြန်မာနိုင်ငံသား ၆၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်း ဖူးခက်အခြေစိုက်မီဒီယာများက ဖော်ပြထားသည်။

နေထိုင်ခွင့်သက်တမ်းထက် ကျော်လွန်နေထိုင်မှုများကြောင့် ဖမ်းဆီးခံရသူ ၄၀၁ ဦးထဲတွင် မြန်မာနိုင်ငံသားများအပြင် ဗြိတိန်နိုင်ငံသား ၂၇ ဦး၊ ရုရှားနိုင်ငံသား ၉၄ ဦး၊ သြစတြေးလျနိုင်ငံသား ၂၃ ဦး၊ တရုတ်နိုင်ငံသား ၅၀ နှင့်အခြားနိုင်ငံသားများ ပါဝင်နေကြောင်း သိရသည်။ ဖူးခက်မြို့တွင် နေထိုင်ခွင့်သက်တမ်းထက်ကျော်လွန်နေထိုင်မှုများကြောင့် ဖမ်းဆီးခံရသော နိုင်ငံသားများထဲတွင် မြန်မာနှင့် ရုရှားတို့က ထိပ်ဆုံးတွင်ရှိနေကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-05_15-46-30.jpg

ဖူးခက်လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့တို့သည် သြဂုတ်လအတွင်း မြို့အတွင်းကို တိုက်ခန်းများ၊ လူနေအိမ်များကို စီးနင်းရှာဖွေခဲ့ပြီးနောက် နေထိုင်ခွင့်သက်တမ်းကျော်လွန်နေသူပေါင်း ၄၀၁ ဦးကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် စွဲချက်အမျိုးမျိုးတင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေထိုင်ခွင့်သက်တမ်းကျော်လွန်နေထိုင်သူများအားနေထိုင်ခွင့်ပေးထားသည့် ထိုင်းနိုင်ငံသားများကိုလည်း စွဲချက်တင်သွားဖွယ်ရှိနေကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ဖြင့် နေထိုင်သူ မြန်မာနိုင်ငံသား ၂ သန်းနီးပါးရှိနေပြီး သက်တမ်းကုန်ဆုံးနေသည့် မြန်မာနိုင်ငံသားများသည် သက်တမ်းထပ်မံတိုးရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။

Ref; thephuketnews

Leave a Reply

Your email address will not be published. Required fields are marked *