October 19, 2024

ယခုကဲ့သို့ မဲပေးစက် အသုံးပြုထားသည့်အတွက် လေးစက္ကန့်အတွင်း ရေတွက်ပြီးသား မဲရလဒ်ကို ရရှိမည်ဟု တာဝန်ရှိသူပြော

၅.၉.၂၀၂၃
Written by Peya

မြန်မာအီလက်ထရောနစ်မဲပေးစက်ကို မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ပထမဆုံး အကြိမ်အဖြစ် ယနေ့ စက်တင်ဘာ ၅ ရက်တွင် စမ်းသပ်မဲပေးခဲ့ကာ ယခုကဲ့သို့ မဲပေးစက် အသုံးပြုထားသည့်အတွက် လေးစက္ကန့်အတွင်း ရေတွက်ပြီးသား မဲရလဒ်ကို ရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောသည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ ၃၆ ပါတီကို တွေ့ဆုံခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို မိတ်ဆက်သရုပ်ပြ လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ယနေ့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-09-05_14-49-29-1024x768.jpg

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာဆိုရင် မဲရုံပိတ်လိုက်ပြီဆိုတာနဲ့ မဲရုံဝန်ထမ်းတွေသည် မဲလက်မှတ်တွေ မြှောက်မြှောက်ပြီး ပါတီကိုယ်စားလှယ်တွေရဲ့ ရှေ့မှာ ခိုင်လုံမဲ၊ ပယ်မဲ, မဲတွေ ရေတွက်ရတာ။ တချို့မဲရုံတွေဆိုရင် ညသန်းခေါင်အထိလည်း မပြီးပါဘူး။ တချို့မဲရုံတွေဆိုရင် မနက်မိလုင်းအထိ ရေနေရတဲ့ မဲရုံတွေ ရှိပါတယ်။ ကိုယ်စားလှယ်တွေလည်း အရမ်းပင်ပန်းပါတယ်။ အခု ဒီစက်နဲ့ သုံးပြီး မဲပေးလိုက်မယ် ဆိုရင် လေးနာရီမှာ မဲရုံပိတ်တယ်။ မဲရုံပိတ်လိုက်ရင် မဲရုံမှူးသည် အားလုံးကို ဖိတ်ခေါ်လိုက်မယ်။ လာပြီးရင် Print ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်တာနဲ့ လေးစက္ကန့်အတွင်းမှာ ရေတွက်ပြီးသား မဲရလဒ် ထွက်လာပါမယ်။ လေးစက္ကန့်ပဲ ကြာမယ်” ဟု ဦးညီညီလွင်က ဆိုသည်။

This image has an empty alt attribute; its file name is photo_2023-09-05_14-49-35-1024x768.jpg

ယခုမဲပေးစက်ကို အသုံးပြုသည့်အတွက် တိကျသော မဲရလဒ်ကို ရမည်ဖြစ်ကာ ပယ်မဲများ မရှိကြောင်း၊ မဲလက်မှတ်ရိုက်နှိပ်မှုစရိတ်နှင့် မဲပုံးများ၊ တံဆိပ်တုံးများ၊ ဘောလ်ပင်များနှင့် အခြားမဲရုံသုံးပစ္စည်းများ ဝယ်ယူမှု စားရိတ်ကို လျှော့ချနိုင်မည် ဖြစ်သည့်အတွက် ရေရှည်တွင် နိုင်ငံတော်၏ ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *