October 18, 2024

၅. ၉. ၂၀၂၃
Written by Nay Moe

ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားဂျာနယ် သတင်းထောက်ဟောင်း ကိုသန်းထွန်းအောင်ကို ဒလန်ဟု စွပ်စွဲကာ သ-တ်ဖြတ်လိုက်သည်ဟု မိုးညှင်း PDF (မိုးညှင်း K-PDF) တပ်ရင်းက ထုတ်ပြန်သည်။

အဆိုပါ သ-တ်ဖြတ်မှုကို မိုးညှင်း PDF က စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီခန့်အချိန်က မိုးညှင်းမြို့အထက (၁) အနီးတွင် ကိုသန်းထွန်းအောင်နှင့် အမျိုးသမီးဖြစ်သူတို့ ဆိုင်ကယ်စီးလာချိန် သေနတ်ဖြင့် လေးချက် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုတွင် ဦးခေါင်းအား အများစုထိမှန်ခဲ့သည်ဟုလည်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-05_12-01-46.jpg

သေနတ်ဖြင့် ပစ်ခတ်ခံရသူ ကိုသန်းထွန်းအောင်မှာ ယခင်က မြစ်ကြီးနားဂျာနယ်သတင်းထောက်ဖြစ်သော်လည်း လက်ရှိတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသူဖြစ်ကာ မိုးညှင်း PDF ကမူ ကိုသန်းထွန်းအောင်မှာ မိုးညှင်းမြို့တွင် မီဒီယာလုပ်ငန်းလုပ်ကိုင်နေကြောင်း၊ ဒလန်လုပ်ကိုင်နေ၍ မိုးညှင်း အထက (၁) အနီး ခေါင်းဖွင့်ပေးလိုက်ကြောင်း အခြားသော ဒလန်များကိုလည်းဆက်လက်သုတ်သင်မည်ဖြစ်ကြောင်း စသည်ဖြင့် ဒေါင်းနီမင်းပြောက်ကျားတပ်ဖွဲ့ကို ချိတ်ဆက်ပြောပြရှင်းလင်းခဲ့သည်ဟုလည်း ဒေါင်းနီမင်းပြောက်ကျား တပ်က ဖော်ပြထားသည်။

NUG နှင့် PDF တို့၏ နွေဦးတော်လှန်ရေးစတင်သည့် ၃ နှစ်မပြည့်မီကာလအတွင်း ရဟန်းသံဃာ၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူကလေးသူငယ်၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကျေးဝန်ထမ်းများအပါအဝင် NLD ပါတီဝင်မဟုတ်သောသူ ၆၃၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူ”ဆိုသည့် စွပ်စွဲချက်များဖြင့် သ-တ်ဖြတ်လုယက်ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *