October 18, 2024

၅. ၉. ၂၀၂၃
Written by Pan Ei

အမေရိကန်သမ္မတကတော် ဂျေးဘိုင်ဒန်ဟာ ခင်ပွန်းဖြစ်သူ သမ္မတ ဂျိုးဘိုင်ဒန် အိန္ဒိယနိုင်ငံမှာ ပြုလုပ်မယ့် G20 ထိပ်သီးအစည်းအဝေးကို မသွားရောက်မီ ရက်ပိုင်းအလိုမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတယ်ဆိုတာကိုတွေ့ရှိခဲ့တယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပြီး သမ္မတ ဂျိူးဘိုင်ဒန်မှာတော့ ကိုဗစ်ရောဂါပိုး မတွေ့ရှိခဲ့ဘူးလို့ သိရပါတယ်။

ဂျိုးဘိုင်ဒန်ရဲ့ အသက် ၇၂ နှစ်အရွယ် ဇနီးသည် ဂျေးဘိုင်ဒန် ရဲ့ ရောဂါလက္ခဏာတွေဟာ ပျော့ပျောင်းတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး သူမဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက နောက်ဆုံးအကြိမ် ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်။ အသက် ၈၀ ရှိပြီဖြစ်တဲ့ သမ္မတ ဂျိူးဘိုင်ဒန်ကတော့ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရမှုကို ၂၀၂၂ ခုနှစ် ဇူလိုင်လက နောက်ဆုံးစစ်ဆေးတွေ့ရှိခဲ့တာပါ။

သမ္မတကတော် ဂျေးဘိုင်ဒန်ရဲ့ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရမှုကြောင့် ဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံရပ်ခြားခရီးကို ထိခိုက်စေနိုင်မှုအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကိုတော့ အိမ်ဖြူတော်က ချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။

ဒါပေမဲ့ သမ္မတကတော် ရောဂါရှာဖွေတွေ့ရှိကြောင်း ကြေငြာပြီးနောက် မကြာမီ ထုတ်ပြန်ခဲ့တဲ့ ဂျိုးဘိုင်ဒန်ရဲ့ တရားဝင် သီတင်းပတ်ကြို အစီအစဉ်မှာ G20 ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ လာမယ့်ကြာသပတေးနေ့မှာ နယူးဒေလီမြို့ကို သွားရောက်မှာဖြစ်တယ်လို့ ပြသခဲ့ပြီး တနင်္ဂနွေနေ့မှာတော့ ဟနွိုင်းကို သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *