October 18, 2024

၅. ၉. ၂၀၂၃
Written By Thandar

အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတဲ့ မွန်မလေး သရုပ်ဆောင်ဝေလာရီက ပရိသတ်စိတ်ဝင်စားနေတဲ့အချစ်ရေးမှာတော့ သဝန်တိုတတ်လို့လည်း ဝေလာက ရည်းစားမထားတာပါလို့ ဖွင့်ဟလာပါတယ်။

“ဝေလာက အပြင်မှာလည်း သဝန်အရမ်းတိုတတ်ပါတယ်။ သဝန်တိုတတ်လို့လည်း ဝေလာက ရည်းစား မထားတာပါ။ ဒီအရွယ်မှ ရည်းစားမထားဘူးဆို နည်းနည်းလိမ်ရာကျမလားပေါ့။ ဒါပေမယ့် ဝေလာက အလုပ်ရယ် မိသားစုကို ဦးစားပေးတတ်တဲ့အထဲမှာ ပါတယ်။ သိပ်ပြီး အချစ်ကို ဦးစားမပေးဘူး။ အိမ်က မမတို့ဆိုရင် ဆူတယ်။ အလုပ်တော့လုပ်ပေမယ့် သူ့ဟာနဲ့သူပေါ့။ ဝေလာက သဝန်တိုတတ်ပေမယ့် မချုပ်ချယ်တတ်ပါဘူး။ အလုပ်ရှိရင် ကျန်တာတွေ ဝေလာသိပ်မစဉ်းစားဖြစ်ဘဲ အလုပ်က နံပါတ်တစ်နေရာရောက်သွားတယ်။ မမကို ရည်းစားထားဖို့အကြံလည်း ဝေလာပဲပေးတာ။ ကိုယ်တိုင်သာရည်းစားမထားတာလေ။ အချစ်ကို ဦးစားမပေးနဲ့။ အချစ်ကို မကိုးကွယ်နဲ့။ မမကိုတော့ ဝေလာ ဆရာမကြီး လုပ်ဖြစ်တယ်။ မမတို့အတွဲကို ကြည့်ပြီးအားကျမိတယ်လို့ မမကို ပြောဖြစ်တယ်။ ရည်းစားမရှိတော့ အထီးကျန်သလိုခံစားရတယ် ”လို့ သရုပ်ဆောင် ဝေလာရီကပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-04_15-50-07-683x1024.jpg

သူမဟာ MRTV-4 က ရိုက်ကူးမယ့် Romance Comedy ပုံစံ “အကြောင်းပြချက်မရှိ”ဇာတ်လမ်းတွဲကို ရှင်မွေလ၊ လပြည့်၊ ဝေလာရီ ၊ ဖြိုးသံသာချို ၊ မိုးသီရိထက်၊ ခေဒြာမြင့်မိုရ်စတဲ့ သူတွေနဲ့ ရိုက်ကူးသွားဖို့ရှိနေတာလည်း ဖြစ်ပါတယ်။ ဝေလာရီက လက်ရှိမှာ ရုပ်သံဇာတ်လမ်းတွဲတွေ ရုပ်ရှင်ဇာတ်ကားတွေအပြင် ဂီတပိုင်းကိုလည်း ခြေဆန့်လာသူလည်းဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-04_15-50-04-701x1024.jpg

“ဒီဇာတ်လမ်းတွဲမှာ ဝေလာနဲ့ ရှင်မွေလတို့က ပရိသတ်မြင်နေကျမဟုတ်တဲ့ အိမ်ထောင်သည်ဇာတ်အနေနဲ့ ရိုက်ကူးသွားမှာပါ။ နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် ငါးစက္ကန့်လောက် မျက်နှာချင်းဆိုင် ကြည့်လိုက်တာနဲ့အရမ်း ရီချင်တာ။ တစ်ယောက်နဲ့ တစ်ယောက် စနောက်နေကြတော့ အိမ်ထောင် ကာရိုက်တာမုဒ်ကို သွင်းဖို့ တော်တော် ကြိုးစားယူရမှာပါ။ ဇနီးမောင်နှံဆိုတော့ တကျက်ကျက် ရန်ဖြစ်ကြတာလေးတွေ၊ စိတ်ကောက် သဝန်တိုတာတွေပါမှာပါ”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *