October 23, 2024

MT News

Written by Nay Moe

တန်ဆောင်မုန်းလပြည့်နေ့တွင် Party များ ကျင်းပခြင်း၊ Night Club များ ဖွင့်လှစ်ခြင်း ပြုလုပ်ပါက ဒဏ်ခတ်အရေးယူမည်ဟု ရန်ကုန်တွင် ဗုံးခွဲနေသော UG နှစ်ဖွဲ့က အသိပေးချက် ထုတ်ထားသည်။

အဆိုပါ အသိပေးချက်ကို Brave Eagles နှင့် Dark Shadow အဖွဲ့နှစ်ခုတို့က နိုဝင်ဘာ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Brave Eagles နှင့် Dark Shadow နှစ်ဖွဲ့သည် မြို့ပြဖောက်ခွဲမှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး နိုဝင်ဘာ ၄ ရက်ကလည်း ဦးချစ်မောင်လမ်းရှိ AGD ဘဏ်အား အဝေးထိန်းဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော ရန်ကုန် UG နှစ်ဖွဲ့ဖြစ်သည်။

ထို့ပြင် ကြည့်မြင်တိုင်မြို့နယ် တရားရုံးအား အောက်တိုဘာ ၁၅ ရက်က ဗုံးခွဲခြင်းကို နှစ်ဖွဲ့ပေါင်း ပြုလုပ်ခဲ့သကဲ့သို့ ပြည်သူများထိခိုက်စေခဲ့သည့် စက်တင်ဘာ ၂၈ ရက်က အလုံမြို့နယ် စောရန်ပိုင်(အရှေ့)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဗုံးခွဲမှုလုပ်ရပ်များကိုလည်း Brave Eagles နှင့် အခြား မြို့ပြ PDF မြေအောက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းလုပ်ဆောင်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *