October 18, 2024

MT News
၄. ၉. ၂၀၂၃

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲ့ကဆာရွာမှာ NUG နဲ့ PDF တွေအတွက် ဒရုန်းတွေလုပ်ပေးနေတဲ့ မြန်မာ ၁၀ ဦးလောက် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ကနဦးသတင်းတွေအရတော့ အဲဒီ ဒရုန်းထုတ်လုပ်နေတဲ့ မြန်မာတွေဟာ စစ်ဘေးရှောင်လို့ အသွင်ယူထားတဲ့ PDF တွေဖြစ်ပြီး မနေ့က နေ့လယ်ခင်းမှာ ဖမ်းမိခဲ့တာဖြစ်သလို တရားခံတွေထဲမှာ အမျိုးသမီးတွေ ပါဝင်တယ်လို့ သိရပြီး အဲဒီ PDF တွေက 3D Printer တွေနဲ့ ဒရုန်းတွေ၊ လက်နက်တွေ ထုတ်လုပ်နေကြတာပါ။

This image has an empty alt attribute; its file name is photo_2023-09-04_16-22-30-768x1024.jpg

စစ်ဘေးရှောင်အသွင်ယူထားတဲ့ PDF တွေ ဒရုန်းထုတ်လုပ်နေတာကို မဲ့ကဆာရွာဒေသခံတွေက တိုင်ကြားတာကြောင့် မဲ့ကဆာရွာသူကြီးနဲ့ လုံခြုံရေးတာဝန်ရှိသူတွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ Thanapon Kongkaen လို့ အမည်ရတဲ့ ထိုင်းနိုင်ငံသားတစ်ဦးက Facebook မှာ ဖော်ပြခဲ့ပြီး “နောက်ဆို အိမ်ကို ဘယ်သူ့ငှားမလဲ။ သေသေချာချာစဉ်းစားပြီး ဘယ်သူ့ငှားရမလဲ သေသေချာချာစဉ်းစားရမယ်”လို့ ပုံနဲ့တကွတင်ခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-09-04_16-22-37-1024x768.jpg

ဒီသတင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး MT News က ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရတာတွေ ဆက်လက်ဖော်ပြပေးပါ့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *