၂. ၉. ၂၀၂၃
Written by Zaw Moe
ယနေ့ နေ့လည်ပိုင်းက မြိုင်မြို့ကို PDF အဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆရာ/ဆရာမ ၉ ဦးကို ဖမ်းဆီးသွားခဲ့သဖြင့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့များမှ နေ့ချင်းပင် ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ဖြေကြားထားသည်။
ယနေ့ နေ့လည် ၁၂ နာရီခန့်အချိန်တွင် မြိုင်မြို့ ရဲတပ်ဖွဲ့မှူးရုံးအား PDF အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့များမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် PDF များ မြို့တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ပြီး အ.လ.က (၃) ကျောင်းရှိ ဆရာ/ဆရာမ ၉ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းနှင့် လုံခြုံရေးပူးပေါင်းအဖွဲ့များမှ နယ်မြေလုံခြုံရေးဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့မှုကြောင်း PDF များထံမှ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။