October 18, 2024

၄.၉.၂၀၂၃
Written by Pan Ei

တနင်္ဂနွေနေ့က လော့စ်အိန်ဂျလိစ်မြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းနဲ့ မေဂျာလိဂ်ရဲ့ နာမည်ကြီး လော့စ်အိန်ဂျလိစ်အသင်းတို့ မေဂျာလိဂ်ပွဲစဉ်ကို ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီ၊ တိုက်တန်းနစ် မင်းသားလို့ လူသိများတဲ့ ထိပ်တန်းမင်းသားကြီး လီယိုနာဒို ဒီကာပရီယို၊ နာမည်ကျော် အမျိုးသမီး အဆိုရှင် ဆယ်လီနာဂိုမက်ဇ် စတဲ့ ဒိတ်ဒိတ်ကြဲကြဲ နာမည်ကြီးတွေ လာရောက်အားပေးခဲ့ကြပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-04_15-27-37-2.jpg

မေဂျာလိဂ်ဘောလုံးသမိုင်းတစ်လျှောက် ဈေးအကြီးဆုံးပွဲဖြစ်ခဲ့တဲ့ မနေ့ကအဝေးကွင်းပွဲမှာတော့ အင်တာမိုင်ယာမီအသင်းက လော့စ်အိန်ဂျလိစ်အသင်းကို ၃ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး မက်ဆီကလည်း ဒုတိယဂိုးနဲ့ တတိယဂိုးတွေအတွက် ဖန်တီးပေးခဲ့ကာ ခြေစွမ်းပြခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-09-04_15-27-38.jpg

မက်ဆီရောက်ပြီးကတည်းက ပရိသတ်တွေရဲ့ အားပေးမှုတွေရော ဝင်ငွေတွေရော များစွာရနေတဲ့ အင်တာမိုင်ယာမီ အသင်းဟာ ကွင်းအတွင်းမှာရော ကွင်းပြင်မှာပါ အောင်မြင်မှုများစွာရရှိနေတဲ့အပြင် ခုဆိုရင် နာမည်ကြီး ကျော်ကြားသူတွေကပါ မက်ဆီရဲ့ ပွဲကို ကြည့်ရှုဖို့ လာကြတာတွေကိုလည်း တွေ့မြင်ရပါတယ်။

မနေ့က မက်ဆီရဲ့ ပွဲကို မင်းသားဟယ်ရီ၊ လီယိုနာဒို ဒီကာပရီယိုနဲ့ ဆယ်လီနာဂိုမက်ဇ် တို့အပြင် စပိုက်ဒါမန်း မင်းသားတွေဖြစ်တဲ့ Tom Holland၊ Toby McGuire၊ NBA စတား Lebron James နဲ့ တခြားနာမည်ကျော်တွေလည်း လာရောက်အားပေးခဲ့ကြပါတယ်။

Ref; Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *