October 19, 2024

၄. ၉. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ဆီရာချာခရိုင်ရှိ Khao Kheow တိရစ္ဆာန်ရုံက Mae Mali အမည်ရှိ ရေမြင်းကြီး၏ ၅၈ နှစ် မြောက်မွေးနေ့ပွဲအထိမ်းအမှတ် ဂုဏ်ပြုပွဲများကို စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ သုံးရက်ကြာ ကျင်းပသွားရန်စီစဉ်နေကြောင်းသိရသည်။

Khao Kheow တိရစ္ဆာန်ရုံ ညွှန်ကြားရေးမှူး တာဝင် ရတ်တာနာဝုန်ဆာဝပ် က အဆိုပါရေမြင်းအမကြီး Mae Mali ၏ အကြိုက်ဆုံးဟင်းသီးဟင်းရွက်များနှင့် ဖရဲသီး၊ မုန်လာဥဝါ၊ ကန်စွန်းဥနှင့် နဂါးမောက်သီး တို့ကဲ့သို့ သစ်သီးသစ်ဖုများပါဝင်သည့် အထူးမွေးနေ့ ကိတ်မုန့်ကြီးဖြင့် မွေးနေ့ပွဲတွင် Mae Mali အား ပြုစုသွားမည်ဟုလည်း စက်တင်ဘာ ၂ ရက်က ပြောခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-09-04_14-38-36-1-1024x827.jpg

Mae Mali ၏ မွေးနေ့ပွဲသို့ အထူးသဖြင့် ကလေးများအပါအဝင် ဧည့်သည်များ တက်ရောက်ကြပြီး ရေမြင်းမ‌ကြီးအား ‘Happy Birthday’ သီချင်းဖြင့် သီဆိုဂုဏ်ပြုကြရန် ဖိတ်ကြားထားကြောင်းလည်းသိရသည်။ ထို့ပြင် သုံးရက်တာမွေးနေ့ဂုဏ်ပြုပွဲရက်အတွင်း Mae Mali ၏ သက်တမ်းရာဇဝင်နှင့်ပတ်သက်၍ ပြပွဲပြသမှု၊ ကစားပွဲများနှင့် လက်ကမ်းစာရွက်များဝေငှမှုတို့ကိုပါ တက်ရောက်လာသူများအတွက် စီစဉ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံက ရေမြင်းမကြီး Mae Mali အား ၎င်း တစ်နှစ်သားအရွယ် ၁၉၆၇ ခုနှစ် ဇွန်လ ၈ ရက်၌ပင် နယ်သာလန်နိုင်ငံ၊ Tilburg တိရစ္ဆာန်ရုံမှ လက်ခံရရှိခဲ့ခြင်းဖြစ်ရာ ယခုအခါ Mae Mali မှာ အသက် ၅၈ နှစ်ရှိပြီဖြစ်သည်။ ၎င်းကို မူလက ဘန်ကောက်မြို့၊ ဒူးဆစ်တိရစ္ဆာန်ရုံတွင်ပြသထားရှိခဲ့ကာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ဒူးဆစ် တိရစ္ဆာန် ရုံပိတ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် Khao Kheow တိရစ္ဆာန်ရုံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ရေမြင်းတစ်ကောင်၏သက်တမ်းက နှစ် ၄၀ မှ ၅၀ အတွင်း သတ်မှတ်ထားကြရာ အသက် ၅၈ နှစ်ရှိနေပြီဖြစ်သော Mae Mali က ရေမြင်းတစ်ကောင်အနေနှင့် ထူးခြားစွာအသက်ရှည်နေရုံမက ထိုင်းနိုင်ငံရှိ ရေမြင်းများအနက်လည်း အသက်အရှည်ဆုံးဖြစ်သည်။

Ref—- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *