October 19, 2024

၄. ၉. ၂၀၂၃
Written by Nay Moe

ယမန်နေ့ စက်တင်ဘာ ၃ ရက်နေ့တွင် ပြွန်တန်ဆာနှင့်ပေါင်မြို့မှ ရဲတပ်သားနှစ်ဦး PDF များ၏ ချောင်းမြောင်းပစ်ခတ် သ-တ်ဖြတ်မှုခံခဲ့ရသည်ဟု သိရသည်။

ပထမဖြစ်စဥ်မှာ ပြီးခဲ့သော သြဂုတ်၂၇ ရက် နံနက် ၁၁နာရီ ၁၅ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်၊ ပင်းတလဲကျောင်းကွေ့၊ ရန်ကုန် – မန္တလေး ကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ် ၇၆/၄ အနီးတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်သွားသော လေယာဉ်ဆီဘောက်ဆာတစ်စီးသည် အရှိန်လွန် တိမ်းမှောက်ခဲ့သည်။ အဆိုပါ လေယာဉ်ဆီဘောက်ဆာကားအား လုံခြုံရေးယူထားသောအဖွဲ့မှ ပြွန်တန်ဆာ ရဲစခန်းမှ ရဲတပ်သား ဇင်မင်းခန့်အား စက်တင်ဘာ ၃ ရက်ညနေ ၄ နာရီ ၁၀ မိနစ်တွင် Soul Takers Yangon UG နှင့် 9 STAR UG အဖွဲ့ ပူးပေါင်းပြီး သ-တ်ဖြတ်ခဲ့သည်ဟု သိရသည်။

PDF နှစ်ဖွဲ့၏ ချောင်းမြောင်းပစ်ခတ်သ-တ်ဖြတ်မှုတွင် ရဲတပ်သား သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပစ်ခတ်သ-တ်ဖြတ်သည့် PDF များ ဘေးကင်းသည်ဟုလည်း Soul Takers Yangon UG PDF အဖွဲ့က ပြောသည်။

ထိုနည်းတူ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ် တွင် ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်၌ ပေါင်မြို့နယ် ရဲစခန်းမှ နယ်ထိန်းရဲ ကိုကိုလွင်မှာ တရားရုံးမှသက်သေထွက်ဆိုပြီးပြန်အလာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ရဲတပ်သား ကိုကိုလွင်မှာ ညာဘက်ဝမ်းဗိုက်တွင် ၄ ချက်၊ ဝဲဘက်ရင်အုံ ၁ ချက်၊ ညာဘက်ရင်အုံ ၁ ချက်၊ နဖူးတည့်တည့်တွင် ၁ ချက်၊ ဝဲလက်ဖျံ ၁ ချက်၊ ယာတင်ပါး ၁ ချက်၊ဝဲလက်ခုံ ၁ ချက်၊ စုစုပေါင်း သေနတ်ဒဏ်ရာ ၁၀ ချက်နှင့် ညာဘက်လက်မောင်ကျိုးဒဏ်ရာတို့ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *