October 18, 2024

၄. ၉. ၂၀၂၃
Written By Thandar

စက်တင်ဘာ ၁ရက်နေ့က ရုံတင်ပြသခဲ့တဲ့ “လေးပတ်ကား” ရုပ်ရှင်ဇာတ်ကား ပရိသတ်ကြည့်ရှု့အားပေးမှုတွေကြောင့် သတ်မှတ်ထားတဲ့ စံချိန်တင်ပြီး ၂ ပတ် ဆက်တိုက်ရုံတင်ရရှိခဲ့တယ်လို့ Bo Bo Film Production က ကိုဘိုစန်းက MT News ကိုပြောပါတယ်။

“ကျွန်တော်တို့ ဇာတ်ကားတစ်ကားကို သတ်မှတ်ထားတဲ့ ၃ ရက်အတွင်း စံနှုန်းအတိုင်းအတာထက် ကျော်သွားပါတယ်။ လေပတ်ကားက သတ်မှတ်ထားတာ ကျော်သွားလို့ ကျွန်တော့်တို့ ၂ ပတ် ဆက်လက်ရုံတင်ပြသခွင့်ရတာပါ။ ဒါတွေကလည်း ပါဝင်ထားတဲ့ အနုပညာရှင်တွေကို အားပေးကြတဲ့ ပရိသတ်တွေလည်း ရှိလို့ပါ။ ဇာတ်ကားတိုင်း ရုံတင်ပြသခွင့်က တစ်ပတ်ပဲ ဖြစ်သွားပါပြီ”လို့ ကိုဘိုစန်းက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-04_11-55-59-1024x768.jpg

အဆိုပါ ရုပ်ရှင်ဇာတ်ကားတွေကို စနစ်သစ်ပုံစံနဲ့ တစ်ပတ်တစ်ကားသာ ရုံတင်ပြသဖို့အတွက် ဩဂုတ်လ ၂၈ ရက်က စတင်ပြီး သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။ ပထမဦးဆုံး ဩဂုတ်လ ၂၈ရက်က သရဲလေးကောင် ဇာတ်ကား ၊ စက်တင်ဘာ ၁ရက်က လေပတ်ကား ဇာတ်ကား၊ လာမယ့် စက်တင်ဘာ ၈ရက်မှာ ကျောက် သင်ပုန်းပေါ်က ကလေးလက်ရေး ဇာတ်ကား ၊ စက်တင်ဘာ ၁၅ ရက်မှာ မိုးကြွေတဲ့ဆောင်း ဇာတ်ကား ၊ စက်တင်ဘာ ၂၂ ရက်မှာ ရည်းစား အပိုးကျိုးနည်း ဇာတ်ကား ၊ စက်တင်ဘာ ၂၉ ရက်မှာ ဟိုးဆရာ ဇာတ်ကား စတဲ့ ဇာတ်ကားတွေကို ပြသဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

“ပထမဦးဆုံး စနစ်သစ်တွေ စတင်ချိန်မှာ ကိုယ့်ကား ရုံတင်ချိန်မှာ အောင်မြင်လာတာမို့ ဝမ်းသာပါတယ်။ အားလုံးကြိုးစားလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဇာတ်ကားတွေကို အားပေးသူတိုင်းကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *