၄. ၉ .၂၀၂၃
Written by Hey Mar
ကရင်ပြည်နယ် ဘားအံမြို့၊ လှကမြင်ကွက်သစ် သပြေ(၂) လမ်းက မုန့်ဆိုင်တစ်ဆိုင်မှာ ရက်သားအရွယ် ကလေးငယ်တစ်ဦးကို စွန့်ပစ်ပြီး မုန့်ဆိုင်က ဆိုင်ကယ်ကိုပါ ခိုးယူထွက်ပြေးသွားတဲ့ဖြစ်စဥ် မနေ့က စက်တက်ဘာ ၃ ရက် ည ၇ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကလေးကို စွန့်ပစ်သူ လင်မယားနှစ်ဦးဟာ သပြေ ၈ လမ်းက သူဌေးတစ်ဦးထံမှာ အလုပ် လုပ်ကိုင်နေကြသူတွေဖြစ်ပြီး မုန့်ဆိုင်ကို မကြာခဏ ဝင်ထွက်ဝယ်ယူနေကြသူတွေ ဖြစ်တာမို့ သိရှိခင်မင်နေကြပြီး စကားမေး စကားပြော ရှိနေကြ အခြေအနေလို့ သိရပါတယ်။
“မုန့်ဆိုင်မှာ ကလေးကို အပ်ခဲ့ပြီး ဆိုင်က NCX ဆိုင်ကယ်ကို ငှားသွားတာပါ။ စျေးခဏ သွားဝယ်မယ်ဆိုပြီး ကလေးမိဘနှစ်ဦးစလုံး ထွက်ပြေးသွားပါတယ်။ မိဘနာမည်တွေက ဖြိုးဝေ နဲ့ စန္ဒာပါ။ အသက်က ငယ်ကြသေးတယ်။ ၂၀ ဝန်းကျင်ပဲ။ လှကမြင်ရပ်ကွက်မှာ လာငှားနေတာပါ။ ကလေးကို ဩဂုတ် ၁၆ ရက်နေ့က တောင်ကလေး ဆေးရုံမှာ မွေးခဲ့တာပါ မိန်းကလေးပါ။ ကလေးတော့ ဒုက္ခ ရောက်တာပေါ့။ နို့မှုန့်ဝယ်တိုက်ထားပါတယ်။ လတ်တလောတော့” လို့ ဒေသခံဖြစ်သူ ကို ဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။
လတ်တလောမှာ ကလေးကို ရပ်မိရပ်ဖ အကူအညီနဲ့ စောင့်ရှောက်ထားပြီး ကလေးမိဘတွေကိုလည်း သက်ဆိုင်ရာကို အသိပေးတိုင်တန်းထားတယ်လို့ သိရပါတယ်။