၂.၉.၂၀၂၃
Wirtten by Naing Thuta
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ မန္တလေးတိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုတို့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများကို စက်တင်ဘာ ၁ ရက်နေ့ ရက်စွဲဖြင့် အစားထိုးခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ထိုထုတ်ပြန်ကြေညာချက်ထဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း အစား ဗိုလ်မှူးကြီး ကျော်သူရ အစားထိုးခန့်အပ်လိုက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ အစား ဗိုလ်မှူးကြီး သန်းစိုးအောင် ကို ခန့်အပ်တာဝန်ပေးလိုက်သည်။
ထို့ပြင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် အစား ဗိုလ်မှူးကြီး မင်းသူကျော် ကို ခန့်အပ်တာဝန်ပေးပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်အောင် အစား ဗိုလ်မှူးကြီး သိန်းထွန်းအောင် ကို ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။
အလားတူပင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း အစား ဗိုလ်မှူးကြီး နေလင်းစိုးအား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။