၁.၉.၂၀၂၃
Translated by Htwe Ko Tun
ပြည်ပတွင် ၁၅ နှစ် တိမ်းရှောင်နေခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ဩဂုတ်လအတွင်း ပြန်လည်ရောက်ရှိလာသောဝန်ကြီးချုပ်ဟောင်းသက်ဆင် ရှီနာဝါထရာအပေါ် ချမှတ်ခဲ့သော ပြစ်ဒဏ်အား ထိုင်းဘုရင်မင်းမြတ် မဟာဗာဂျီရာလောင်ကွန်က စက်တင်ဘာ ၁ ရက်တွင် ထောင်ဒဏ်တစ်နှစ်သို့ လျှော့ပေါ့ပေးခဲ့ကြောင်း သိရသည်။
သက်ဆင် က ဩဂုတ်လ ၂၂ ရက်တွင် ပြန်ရောက်လာခဲ့ပြီးနောက် တရားလွှတ်တော်ချုပ်က ၎င်းအပေါ်စွဲဆိုထားသောပြစ်မှုများအတွက် ထောင်ဒဏ်ရှစ်နှစ်ချခဲ့သည်။ သို့သော်အကျဉ်းကျပြီး မကြာမီပင် ရင်ဘတ်အောင့်မှုနှင့် သွေးတိုးဝေဒနာတို့ကြောင့် ၎င်းအား ရဲတပ်ဖွဲ့ဆေးရုံသို့ ပြောင်းရွှေ့ခဲ့သည်။
၂၀၀၆ ခုနှစ်တွင် အာဏာသိမ်းခံခဲ့ရပြီးနောက် ၂၀၀၈ ခုနှစ်တွင် အကျင့်ပျက်ခြစားမှုများအတွက် နောက်ကွယ်တွင်ပင်တရားစွဲခဲ့ကာ အမှုသုံးမှုအတွက် ၎င်းပြန်အလာတွင် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။ သက်ဆင်က အသက်အရွယ်ကြီးမြင့်မှုနှင့် ကျန်းမာရေးမကောင်းမှုတို့အတွက် ဘုရင်မင်းမြတ်ထံ အသနားခံခဲ့ခြင်း ဖြစ်သည်။
ထိုင်းဘုရင်က ၎င်း၏ပြစ်ဒဏ်များကို လျှော့ပေးခြင်းဖြင့် ခေါင်းဆောင်ဟောင်း၏ အသိဉာဏ်၊ လုပ်ရည်ကိုင်ရည်နှင့်အတွေ့အကြုံတို့ကို နိုင်ငံ၊ လူ့အဖွဲ့အစည်းနှင့် ပြည်သူတို့အကျိုးအတွက် အနာဂတ်တွင် အသုံးချနိုင်မည်ဟု ပြောခဲ့သည်။
Ref-Bloomberg