October 18, 2024

ဆိုင်ကယ်ပွဲစားဥက္ကဋ္ဌသေဆုံးသည့်အပြင် လမ်းဘေး ဝက်သားရောင်းနေသော အမျိုးသမီးအား ကျည်ထိမှန်၍ ဒဏ်ရာရရှိမှု ယနေ့မနက်က မန္တလေးတွင် ဖြစ်ပွား

၂. ၉. ၂၀၂၃
Written by Min Mahar

လက်ဖက်ရည်ဆိုင်မှ ပြန်လာသော ဆိုင်ကယ်ပွဲစားတန်း ဥက္ကဋ္ဌကို လူငယ် ၂ ဦးက သေနတ်ဖြင့်ပစ်သ-တ်ခဲ့ပြီး ထိုသို့ပစ်ခတ်သ-တ်ဖြတ်မှုတွင် လမ်းဘေး ဝက်သားရောင်းနေသော အမျိုးသမီးကိုပါ ကျည်ထိမှန်၍ ဒဏ်ရာရရှိမှု ယနေ့မနက်ပိုင်းက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း မြို့နေပြည်သူများ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက်(ယနေ့) နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၉လမ်းနှင့် ၁၁၀(အေ)လမ်းထောင့်တွင် အသက် ၆၂ နှစ်အရွယ် ဆိုင်ကယ်ပွဲစားတန်း ဥက္ကဋ္ဌသည် စိန်မေတ္တာလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်ပြီး ကလစ်နီနက်ရောင်ဆိုင်ကယ်ဖြင့် ၅၉ လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာစဉ် ၅၉ လမ်းနှင့် ၁၁၀(A)လမ်း ထောင့်အရောက်၌ လားရာတူ နောက်မှလိုက်လာသော CZI အနက်ရောင်ဆိုင်ကယ်ဖြင့် လူငယ် ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် သေဆုံးသွားခဲ့သည်။ ထိုလူငယ် ၂ ဦးက ဆိုင်ကယ်ပွဲစားတန်း ဥက္ကဋ္ဌအား ပစ်ခတ်နေစဉ် ၅၉ လမ်းနှင့် ၁၁၀(A)လမ်းထောင့်တွင် ဝက်သားရောင်းနေသည့် အသက် ၆၀ အရွယ်အမျိုးသမီးကြီးအား သေနတ်ကျည်ထိမှန်ကာ ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-02_15-42-49-1024x1024.jpg

အဆိုပါပစ်ခတ်မှုကြောင့် ဆိုင်ကယ်ပွဲစားတန်း ဥက္ကဋ္ဌသည် ဝဲဘက်ရင်အုံတွင် ကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၃ ချက်၊ ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာဘက်ပခုံး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ကျောကိုလည်း ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်တို့ ရရှိကာ ​နေရာ၌ပင်သေဆုံးသွားပြီး ဝက်သားသည်အမျိုးသမီးသည်လည်း ယာဘက်ပေါင်ကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိသဖြင့် မန္တလေးပြည်သူ့ ဆေးရုံ​ကြီးသို့ မြရည်နန္ဒာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အခင်းဖြစ်နေရာ၌ 380 AUTO PMC ကျည်ခွံ ၇ ခု၊ ကျည်ဖူး ၁ ခုနှင့် ကျည် ၁ တောင့်တို့ကိုတွေ့ရှိ၍ သိမ်းဆည်းခဲ့ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းမှလည်း သေနတ်ဖြင့်ပစ်ခတ်သူ ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *