October 18, 2024

၂. ၉. ၂၀၂၃
Written By Thandar

သည်းထိတ်ရင်ဖို့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းပုံစံ “စိတ်ကြိုးစေရာ” ဇာတ်လမ်းတွဲကို ဒီနေ့ စက်တင်ဘာ ၂ ရက် ည ၇ နာရီကစပြီး M Entertainment Channel (Free to Air) မှာ စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။

မီးမီးမွှေး ရုပ်ရှင်ထုတ်လုပ်ရေးက အဆိုပါ ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာ ၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ စံရိပ်ငြိမ် ဂမုန်းပွင့်ရှိ Mingalar Cinema မှာ ပြုလုပ်ခဲ့ပါတယ်။

“သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားစရာ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ လိုအပ်ချက်များ ရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြပါ။ စတဲ့အချိန်ကနေ ဇာတ်ကား ပြီးတဲ့အချိန်အထိ အတူတူကြိုးစားခဲ့ပေးခဲ့ကြတဲ့ စိတ်ကြိုးစေရာ အဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါတယ်။ လွဲချော်တာတွေ ၊ အမှားအယွင်းတွေကြားမှာ မညည်းညူဘဲ အကောင်းဆုံး လုပ်ဆောင်ပေးကြတဲ့ သရုပ်ဆောင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေလည်း စောင့်ကြည့်ပြီးအားပေးကြပါဦး”လို့ ဒါရိုက်တာ So Pyai က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-02_15-04-44-2-1024x866.jpg

“စိတ်ကြိုးစေရာ” ဇာတ်လမ်းက ကျောင်းဆင်းပွဲတစ်ခုမှာ တစ်ကျောင်းလုံးရဲ့ Queen ကျောင်းသူလေး တစ်ယောက် ပဟေဠိဆန်စွာ အသက်ဆုံးရှုံးသွားတာလည်း ဖြစ်ပါတယ်။ ဒီရုပ်ဆိုးအကျည်းတန်ခဲ့ရတဲ့ ကျောင်း နှုတ်ဆက်ပွဲတစ်ခုရဲ့ နောက်ကွယ်မှာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်တွေပါ ကိန်းအောင်းနေတဲ့ နောက်ဆက်တွဲ ဖြစ်ပေါ် လာမယ့် အဖြစ်အပျက်တွေကို သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားစရာ ခံစားရမယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်လည်းဖြစ်ပါတယ်။

ဒါရိုက်တာအနေနဲ့ ဇီဇဝါ၊ ဝင့်ဥမ္မာကျော်၊ ဂဠုန်၊ So Pyai နဲ့ မျိုးချစ်မောင်တို့က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေဖြစ်တဲ့ နော်ဖောအယ်ထား၊ ရှိန်းတင်ထူး၊ နေရှိုင်း၊ အဒမ်ဦး၊ ခင်ရတီသင်း၊ မင်းသူ၊ စိုးမိုးကြည်၊ သက်ပိုင်၊ ရဲနိုင်ကျော်၊ နော်အိမ့်ခြူးမိုးမြင့်၊ တီစော တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *