October 18, 2024

ရန်ကုန်တွင်ပြုလုပ်သည့် သီတဂူစက္ခုဒါန ဒုတိယအကြိမ်ပုံရိပ်များ(ဓာတ်ပုံ-သီတဂူဆရာတော်ဓမ္မသဘင်)

MT News
၂. ၉. ၂၀၂၃

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ တတိယအကြိမ် သီတဂူစက္ခုဒါန-သီတဂူမျက်စိ အလှူတော် အစီအစဉ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ သီတဂူအဖွဲ့က ပေးလှူမည်ဖြစ်သည်။

ထိုသို့ပေးလှူရာတွင် မရမ်းကုန်းခရိုင် (မရမ်းကုန်း/လှိုင်/မြောက်ဥက္ကလာပ) မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ပထမဦးစားပေးအနေဖြင့် ကြည့်ရှုစစ်ဆေး စမ်းသပ် ခွဲစိပ် ကုသခြင်းလုပ်ငန်းများ အခမဲ့ (FOC) စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယင်းမြို့နယ်များပြီးလျှင် အခြားအခြားသော မြို့နယ်များအား စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-09-02_14-53-43-2-1024x812.jpg

သို့ဖြစ်ပါ၍ မရမ်းကုန်းခရိုင်အတွင်းရှိ မျက်စိဝေဒနာရှင်များသည် စက်တင်ဘာ ၄ ရက်နေ့မှစ၍ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက်(ရုံးခန်း)တွင် လူကိုယ်တိုင် သို့မဟုတ် မျက်စိဝေဒနာရှင်ကိုယ်စား တစ်ယောက်ယောက်မှ အမည်၊ အဖအမည်၊ နေရပ်လိပ်စာ၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များပေး၍ (နေ့စဉ် နံနက် ၇ နာရီမှ ၁၁နာရီ၊ နေ့လည် ၂ နာရီမှ ညနေ ၆ နာရီအတွင်း)စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ဆက်သွယ်စုံစမ်းရန်ဖုန်းနံပါတ်များမှာ ၀၉-၄၂၀၀၆၂၂၂၇၊ ၀၉-၄၅၇၇၇၁၃၁၃ နှင့် ၀၉-၂၅၉၁၄၇၄၄၆ တို့ဖြစ်ပြီး
ဆရာဝန်များ မျက်စိကြည့်ရှုစမ်းသပ်မည့်နေ့ရက်ကို ပြန်လည်ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

ပုံစာ။ 

Leave a Reply

Your email address will not be published. Required fields are marked *