October 22, 2024

MT News

Photo Kyaw Soe Moe (Pyapon)

ဖျာပုံမြို့ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးနဲ့ ဘုရားကြီးဝန်းအတွင်းမှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို “ပထမအကြိမ်”မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတော်ကြီးကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်(နိုဝင်ဘာ ၇ ရက်) နံနက် အရုဏ်မတက်မီ မသိုးသင်္ကန်းတော်မြတ် ဆက်ကပ်လှူဒါန်းမှာ ဖြစ်ပါတယ်။

အဲဒီနောက် စေတနာရှင်အပေါင်း စုပေါင်းပြီး မနက်ဖြန်မနက် (တနင်္လာနေ့) ၈ နာရီက စတင်ပြီး ထမင်း၊သားသတ်လွတ် ဟင်းလျာတွေနဲ့ တည်ခင်းကျွေးမွေးမဲ့ မည်သူမဆိုကြွရောက် စားသုံးနိုင်တဲ့ “စတုဒိသာ” အာဟာရဒါနကောင်းမူ ကုသိုလ်ကိုလည်း ပါဝင်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *