◾️IESF World Championship 2023 ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မြန်မာ့လက်ရွေးစင် Yangon Galacticos အသင်းက ဂျော်ဒန်ကို အနိုင်ယူကာ ဖိုင်နယ်တက်
၃၀. ၈. ၂၀၂၃
Written by Thettant
“ကျွန်တော်တို့လျှောက်လှမ်းနေတဲ့ ခရီးလမ်းက လွယ်ကူမနေခဲ့ပါဘူး။ ဒါပေမယ့်လဲ ကျွန်တော်တို့ ယုံယုံကြည်ကြည်လျှောက်လှမ်းရင်း ကျွန်တော်တို့မြန်မာ့အလံကို ကမ္ဘာ့စင်မြင့်ထက်ယူဆောင်လာနိုင်အောင် ကြိုးစားနေဆဲဖြစ်ပါတယ်”လို့ Yangon Galacticos က ပြောပါတယ်။
ရိုမေးနီးယားနိုင်ငံမှာ ကျင်းပနေတဲ့ IESF World Championship 2023 ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းက အမေရိကန်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်လာခဲ့ပြီဖြစ်သလို ဩဂုတ် ၂၉ ရက် ညနေ ၅ နာရီမှာ ဂျော်ဒန်အသင်းနဲ့ ယှဥ်ပြိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်မှာလည်း ဒေသတွင်းယှဥ်ပြိုင်ချိန် အနိုင်ရခဲ့တဲ့ ဂျော်ဒန်ကို ၂- ၀ နဲ့ အနိုင်ယူခဲ့တယ်လို့ မြန်မာကိုယ်စားပြု Esports ပြိုင်ပွဲတွေ ဖော်ပြထုတ်လွှင့်ပေးနေတဲ့ The Regional မှာ ဖော်ပြထားပါတယ်။
ဂျော်ဒန်အသင်းနဲ့ယှဥ်ပြိုင်ခဲ့တဲ့ Playoffs ပွဲစဉ်တွေဖြစ်တဲ့ Upper Bracket Semi-Final မှာတော့ Team Myanmar အနေနဲ့ Team Jordan ကို Hero ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ Upper Bracket Final ကို တက်ရောက်သွားနိုင်ခဲ့တာပါ။ လက်ရှိမှာ မြန်မာကိုယ်စားပြုအသင်းဟာ Top 3 အဆင့်ကို တက်လှမ်းလာနိုင်ပြီဖြစ်လို့ ဆုကြေးဒေါ်လာ ၂၀၀၀၀ ကို ဆွတ်ခူးခဲ့ပြီဖြစ်သလို ယှဥ်ပြိုင်ရမဲ့ပြိုင်ဘက် ဘယ်သူဖြစ်မလဲ စောင့်မျှော်နေပါတယ်။
Team Myanmar အနေနဲ့ Signature တွေဖြစ်တဲ့ Ember,Earth Spirit, Earthskaker, Morp စတဲ့အပိုင်ကောင်တွေနဲ့အတူ Early Game နဲ့ Mid Game ကိုအသာစီးရယူကာ Team Jordan အနေနဲ့ ပြန်လည်ခုခံနိုင်ခြင်းမရှိဘဲ ၂၅ မိနစ်လောက်နဲ့ပဲ Game 1 ကို Team Myanmar အနေနဲ့ လွယ်လွယ်ကူကူအနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။
Team Myanmar ရဲ့ထုံးစံအတိုင်း Game 2 ဆိုအမြဲ Pick နေကြ PA,Oracle တို့နဲ့အတူ Young PH ရဲ့ Shaker Mid ကိုလည်းမြင်တွေ့ရမှာဖြစ်ပြီး Early Game နဲ့ Mid Game မှာတော့ Team Jordan က အသာစီးရယူထားနိုင်ခဲ့သော်လည်း KSH ရဲ့ PA BKB Timing ကိုမထိန်းနိုင်ဘဲ Game 2 ကိုလည်း Team Myanmar ကပဲ ထပ်မံအနိုင်ရယူသွားခဲ့တာဖြစ်ပါတယ်။
Romania နိုင်ငံ Iasi မြို့မှာ ကျင်းပနေတဲ့ IESF World Championship 2023 Main Stage မှာ Team Myanmar အနေနဲ့ Philippines, Ecuador,Ukraine တို့နဲ့အတူတူ Group D မှာကျရောက်ခဲ့ပြီး မြန်မာ၊ ဖိလစ်ပိုင်နဲ့ယူကရိန်းတို့ ရမှတ်တူနေတာကြောင့် Tiebreaker ပြန်လည်ယှဥ်ပြိုင်ချိန်မှာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို အနိုင်ယူနိုင်ခဲ့လို့ ကွာတားဖိုင်နယ်တက်ရောက်ခဲ့တာပါ။ ကွာတားဖိုင်နယ်မှာ အမေရိကန်အသင်းကို အနိုင်ယူနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာတော့ Regional တုန်းက အနိုင်ရထားတဲ့ ဂျော်ဒန်အသင်းနဲ့ ထိပ်တိုက်တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။
IESF World Championship 2023 ပြိုင်ပွဲအတွက် Dota-2 National Qualifier အဆင့်မှာ Yangon Galacticos အသင်းဟာ The Immortal ကို အနိုင်ရခဲ့တာလည်းဖြစ်ပြီး မြန်မာကိုယ်စားပြု ဒီ Yangon Galacticos Dota 2 eSports အသင်းမှာတော့ Zaw Rain၊ Skill Lay၊ KSH၊ Young PH နဲ့ Show T တို့ ပါဝင်နေပါတယ်။
News & Photo Credit The Regional