October 18, 2024

၂၆. ၈. ၂၀၂၃

Written By Thandar

ပျော်ရွှင်စရာအချစ်ကားပုံစံ “တိမ်နဲ့ရေးတဲ့အရုပ်” ဇာတ်ကား Press Show & Family Show ကို ဩဂုတ် ၂၆ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Mingalar Cinema Gold Class မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော် ဒု‌တိယမြောက်ကားမှာတင် ခေါင်းဆောင်မင်းသားအနေနဲ့ ရိုက်ကူးခွင့်ရတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ကျောင်းသားဇာတ်လမ်းလေးပါ။ Comedy ကားလေးဖြစ်လို့ အခက်အခဲနည်းနည်းရှိတယ်။ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ပေးရိုက်တဲ့အတွက်ရော မပိုးကလည်း တွဲဖက်ရိုက်ကူးပေးတဲ့အတွက်ရော ကျေးဇူးအများကြီး တင်ပါတယ်။ ဒီ ဇာတ်ကားက မနှစ်က ရိုက်ကူးထားတာမို့ အိုက်တင်ပိုင်းလိုအပ်ချက်တွေ ရှိရင်လည်း အကောင်းဆုံးဆက်ကြိုးစားသွားပါမယ်”လို့ ဘုန်းမင်းနေလက ပြောပါတယ်။

This image has an empty alt attribute; its file name is IMG_3635-682x1024.jpeg

ဒီဇာတ်ကားကို မီးမီးမွှေး ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဇာတ်လမ်း ဇာတ်ညွှန်း ဆူးခက်မင်း ရေးသားမှုကို ဒါရိုက်တာ သားညီက လူငယ်ကျောင်းသားဘဝပုံစံ ဖော်ကျူးထားတဲ့ Romance Comedy ဇာတ်ကားလေးလည်းဖြစ်ပါတယ်။

သရုပ်ဆောင်တွေဖြစ်တဲ့ ဘုန်းမင်းနေလ၊ ပိုးမမှီသာ၊ အကယ်ဒမီ ခင်ဇာခြည်ကျော် ၊ မောင်ကင်း ၊ ပီယ ၊ ကိုသက် ၊ သက်တံ့ဝိုင် ၊ Alex ၊ အိမ့်ခြူးမေ စတဲ့ အနုပညာရှင်ပေါင်းများစွာပါဝင်ထားကြပါတယ်။

This image has an empty alt attribute; its file name is IMG_3642-1024x682.jpeg

“ညီမ သရုပ်ဆောင်ပိုင်းအတွက် Casting ဝင်လျှောက်ရင်းက အရွေးခံရတဲ့ ဇာတ်ကားလေးပါ။ ညီမ ရိုးရိုးအေးအေး တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်နေရာက ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီကားက ညီမရဲ့ အနုပညာ ခြေလှမ်းအစ ဇာတ်ကားလို့လည်း ပြောလို့ရပါတယ်။ရိုက်ကွင်းပေါ်မှာ စီနီယာ အကိုတွေ အမတွေက ဒါရိုက်တာကအစအကုန် သေချာသင်ပေးကြပါတယ်။ ကိုယ့်ကားကို ပထမဦးဆုံးပြန်ကြည့်ရမယ်ဆိုတော့ ရင်ခုန်မိပါတယ်”လို့ သရုပ်ဆောင် Alex ကပြောပါတယ်။

“တိမ်နဲ့ရေးတဲ့အရုပ်” ဇာတ်ကားကို Viu မှာ လစဉ်ကြေးမလိုဘဲ ဒီနေ့စတင်ပြီး အခမဲ့ ကြည့်ရှုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *