October 19, 2024

◾ UAB ဘဏ်နှင့်ပတ်သက်၍ မမှန်သတင်းလွှင့်မှုများ တရားဥပဒေအတိုင်း အရေးယူမည်ကြေညာ

၂၇. ၈. ၂၀၂၃

Written by Thettant

UAB ဘဏ်တွင် ဗိုလ်ချုပ်ကြီးမိုးအောင် ရှယ်ယာပါဝင်မှုမရှိသလို ဒေါ်လာကိစ္စရပ်များကြောင့် စစ်ဆေးခံနေရသည်ဆိုသော သတင်းမှာလည်း မှားယွင်းကြောင်း ဖြေရှင်းချက် ယနေ့ထုတ်ပြန်လာပြီး UAB(United Amara Bank) ဘဏ်နှင့်ပတ်သက်၍ မမှန်သတင်းလွှင့်မှုများ တရားဥပဒေအတိုင်း အရေးယူမည်ကြေညာလိုက်သည်။

UAB Bank အပေါ် မဟုတ်မမှန် မှားယွင်းသည့်သတင်းများ ဖြန့်ချိနေမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်ကို ယနေ့ထုတ်ပြန်ရာတွင် ယခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ဗိုလ်ချုပ်ကြီး မိုးအောင်သည် UAB Bank ၏ ပိုင်ရှင်ဖြစ်ပြီး ဒေါ်လာကိစ္စရပ်များကြောင့် ဘဏ်အားစစ်ဆေးမှုများရှိနေသည်ဆိုသည့် လုံးဝ(လုံးဝ)မှန်ကန်မှုမရှိသည့် မဟုတ်မမှန်မှားယွင်းသည့် သတင်းများဖြင့် ဘဏ်၏ ဂုဏ်သတင်းကို ညှိုးနွမ်းစေရန်ရည်ရွယ်ချက်ရှိရှိဖြင့် မီဒီယာတွင် ဖြန့်ချိ(ဝေ)လျှက်ရှိသည်ကို သတိပြုမိသဖြင့် ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဘဏ်၏ရှယ်ယာရှင်တစ်ဦးမဟုတ်သလို ပိုင်ရှင်လည်းမဟုတ်ကြောင်း၊ ဘဏ်နှင့် ပတ်သက်မှု မရှိသလို၊ ပါဝင်သက်ဆိုင်မှုတစ်စုံတစ်ရာမရှိကြောင်း ဖြေရှင်းထားသည်။ ထို့ပြင် UAB bank ကိုလည်း မည်သည့်စုံစမ်းစစ်ဆေးမှုများမှလုပ်ဆောင်ခြင်းမရှိပါဟုလည်း ဖြေရှင်းထားသည်။

ထို့​ပြင် UAB Bank သည် တင်းကြပ်သော Corporate Governance စံနှုန်းများနှင့်အညီ ပွင့်လင်းမြင်သာသော အုပ်ချုပ်ရေးပိုင်းစနစ်ဖြင့် စီမံအုပ်ချုပ်ခဲ့ပြီး ချမှတ်ထားသည့် စံနှုန်းများကို ချိုးဖောက်မှုမရှိ လိုက်နာကျင့်သုံးလာခဲ့ကာ လွတ်လပ်သော အုပ်ချုပ်မှုအောက်တွင် ခိုင်ခိုင်မာမာရပ်တည်လျှက်ရှိသည်ဟုဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာဆောင်ရွက်လျှက်ရှိသည့် ဘဏ်တစ်ခုဖြစ်သည်။ ဒေါ်လာ အရောင်းအဝယ် ကိစ္စရပ်များအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ထားသော Online Trading System မှတစ်ဆင့် သတ်မှတ်ထားသည့် နှုန်း အတိုင်းသာဆောင်ရွက်လျှက်ရှိသည်။ ဤ မဟုတ်မမှန်မှားယွင်းသည့်သတင်းများဖြင့် ထုတ်ဝေဖြန့်ချိမှုကို UAB ဘဏ်ဘက်မှလည်း တရားဥပဒေအတိုင်းအရေးယူလုပ်ဆောင်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *