October 18, 2024

၂၇. ၈. ၂၀၂၃

Written by Nyein Kyaw

သင်္ဃန်းမြို့နယ်၊ ဘဝမြင့် မှတ်တိုင်အနီး၊ Aladdin Men Fashion ဆိုင်မှ ဆန်တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံးတစ်ကတ် ၁၀၀ ကျပ်ဖြင့် ကြက်ဥအလုံးရေ ၂၀၀၀ နှင့် ဆန် ၃၅၀ ပြည်ကို ယနေ့ မနက် ၁၁ နာရီတွင် ရောင်းချပေးမည်ဖြစ်သည်။

ထို့ကြောင့် အခြေခံလူတန်းစားများအနေဖြင့် လာရောက်တန်းစီသူဦးရေ များပြားလျက်ရှိပြီး ရောင်းချပေးမည့် ပမာဏထက်ပင် လာရောက် တန်းစီနိုင်ကြောင်း သိရသည်။

“အခုက ကြိုတန်းစီရတာ။ တိုကင် အရင်ပေးမှာ။ အဲဒါအတွက် လာတန်းစီတာ။ တိုကင်နဲ့ ဝယ်ရမှာ။ တချို့တွေဆို နေရာလုရင်း ရန်တွေတောင်ဖြစ်တယ်” ဟု လာရောက်တန်းစီနေသူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *