October 18, 2024

၂၆. ၈. ၂၀၂၃

Written by Min Mahar

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ရတနာဘုမ္မိအ‌ရှေ့ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရကာ ပေါက်ကွဲမှု ယနေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဩဂုတ် ၂၆ ရက်)နေ့လည် ၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအ‌ရှေ့ရပ်ကွက်၊ ၈၂ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ ရပ်ကွက်ရုံးသို့ ၈၂ လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာသော ကလစ်အမဲရောင်တစ်စီးဖြင့် အမည်မသိအမျိုးသား ၂ ဦး(ဦးထုပ်မှန်ကာဆောင်းထား)သည် အနောက်မှ ထိုင်လိုက်လာသူ အမျိုးသားမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ရပ်ကွက်ရုံးအရှေ့တောင်ထောင့်ရှိ ရုံးရှေ့ကာရံထားသော အုတ်တံတိုင်းရှေ့ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူ/ပစ္စည်း ထိခိုက်ပျက်ဆည်းဆုံးရှုံမှု မရှိကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ​ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လက်ပစ်ဗုံးပစ်ပေါက်ထွက်ပြေးသွားသူ ၂ ဦးအား နယ်မြေခံရဲစခန်းမှ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးအတွက် လိုက်လံပိတ်ဆို့ရှာဖွေစစ်ဆေးနေ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *