October 19, 2024

၂၆. ၈. ၂၀၂၃

Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပိုက်ဆံ နှင့် ဖုန်းလုကာ ဓားဖြင့် ထိုးသွားသည့်အတွက် အသက် ၆၀ အရွယ်ခန့်ရှိ တက္ကစီယာဉ်မောင်း အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်ကို ကူညီရန် သွားရောက်ခဲ့သည့် 5B Taxi လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ ဩဂုတ် ၂၆ ရက် နေ့လယ် ၁၂ နာရီ ကျော် အချိန်ခန့်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျွန်းရွှေဝါလမ်းမကြီး၊ မြသီတာပန်းခြံရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပိုက်ဆံ နှင့် ဖုန်းကို လုသွားခဲ့ပြီး ကားကို ထားခဲ့ကာ လူကို ဓားဖြင့် ထိုးသွားခြင်းဖြစ်ကြောင်းလည်း သိရသည်။

This image has an empty alt attribute; its file name is 370813163_168121016305381_8981379953156068362_n.jpg

“ကျွန်တော်တို့ အသင်းရုံးကို ဆိုင်ကယ်ဘေးတွဲသမားက လာအကြောင်းကြားတာပါ။ ကျွန်တော်တို့ ဒီက သွားတယ်။ အသက်မရှိတော့ဘူး။ ကျွန်တော်တို့က ရွှေသံလွင် (လူမှုကူညီရေးအသင်း) ကို ဖုန်းဆက်ခေါ်ပြီး ရဲနဲ့ တကွ လွှဲပြောင်းပေးလိုက်ပါတယ်။ ဒဏ်ရာတစ်ချက်ပဲ တွေ့ပါတယ်။ နံရိုးကြားကို အထိုးခံရတာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

မိသားစု နှင့် အဆက်အသွယ်ရ၊ မရကို မသိသေးကြောင်းနှင့် ပတ်ဝန်းကျင်က အဆိုပါ အမျိုးသားကြီး၏ အခြေအနေကို တွေ့လျှင် တွေ့ချင်း အကြောင်းကြားကြခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဓားနဲ့ ထိုးတဲ့သူ ဆင်းပြေးသွားတာတွေ့တယ်လို့လည်း ပတ်ဝန်းကျင်က ပြောကြတယ်” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *