MT News
Written by Kyaw Soe Moe (Pyapon)
ဧရာဝတီတိုင်း ဖျာပုံမြို့လောကမာရ်အောင်မြောက်ပိုင်း ဘုရားပွဲတော်ဖွင့်ပွဲ အခမ်းအနားကို တန်ဆောင်မုန်းလဆန်း ၁၂ နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လောကမာရ်အောင် ဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန် သံလျင် သဘာဝတရားရိပ်သာများ၏ ဆရာတော်ဦးဥတ္တမသာရ၊ ရန်ကုန်စိုက်ပျိုးရေးကျောင်းမှ ဒွိပိတိဋကဓရဘဒန္တဇနိန္ဒတ ဆရာတော်အရှင်သူမြတ်များ နှင့် အတူ ဖျာပုံခရိုင်အတွင်းရှိ ဆရာတော် အရှင်သူမြတ်များ၊ သံဃာတော်အပါး ၁၈၀ ကျော် ကြွရောက်ပြီး ဘုရားပွဲတော် ဖွင့်လှစ်ပေးခဲ့သည်။
တန်ဆောင်မုန်းလဆန်း ၁၂ ရက် ညပိုင်းတွင် ဘုရားပွဲတော် ဖွင့်ပွဲ ရောင်စုံမီးအလှများ၊ ဆီမီးများ၊ မီးပုံးပျံဖြင့် ထွန်းညှိပူဇော်နေပြီး ဘုရားပွဲတော်ကို တန်ဆောင်မုန်းလဆန်း ၁၂ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ယခုနှစ်တွင် ကျင်းပနေသည့် ဖျာပုံမြို့ လောကမာရ်အောင်ဘုရားပွဲတော်ကြီးတွင် တေးဂီတ ဖျော်ဖြေပွဲများ၊ ရိုးရာခြင်းလုံးအလှခတ်မှုများ၊ မီးပုံးပျံပွဲတော်များကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။