October 18, 2024

၂၅.၈.၂၀၂၃

Written By Thandar

သရုပ်ဆောင်အိပ်မက် လက်တွေ့ အကောင်အထည်ဖော်လိုသူတွေကို သင်ကြားပေးခဲ့ပြီး Authentic Artist Academy (AAA)က ကြီးမှူးဖွင့်လှစ်ခဲ့တဲ့ သရုပ်ဆောင်ပညာဒါန အခမဲ့သင်တန်းဆင်းပွဲကို ဩဂုတ် ၂၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Espace by Aureum Hotel မှာ ကျင်းပခဲ့ပါတယ်။

“ကိုယ့်ကလေးတွေကို အခွင့်အလမ်းပိုပေးချင်လို့ ဒီသင်တန်းကို ဖွင့်ဖြစ်တာပါ။ သရုပ်ဆောင်ခြင်းနဲ့ အသက်မွေးလိုသူတွေအတွက် အခွင့်အလမ်းပေးအပ်ပြီး သင်တန်း ပို့ချခဲ့တာလည်းဖြစ်ပါတယ်”လို့ AAA က တာဝန်ရှိသူ ကိုသက်ထွေးဇော်ကပြောပါတယ်။

This image has an empty alt attribute; its file name is 347239231_265643919754466_9138816378042873340_n-1024x682.jpg

အဆိုပါ သင်တန်းမှာ နိုင်ငံကျော်ဝါရင့် အနုပညာရှင်ဒါရိုက်တာတွေ ဖြစ်ကြတဲ့ ဒါရိုက်တာ ညိုမင်းလွင်၊ ဒါရိုက်တာ ဇော်ကိုကို ၊ ဒါရိုက်တာ အောင်ချမ်းလူနဲ့ ဒါရိုက်တာ ဘသာတို့က ကိုယ်တွေ့ အတွေ့အကြုံတွေကို မျှဝေသင်ကြားပေးခဲ့တာလည်းဖြစ်ပါတယ်။

ပညာဒါနသရုပ်ဆောင်သင်တန်း ၂၀၂၃ ကို လျှောက်ထားခဲ့တဲ့ အယောက် ၁၅၀ ကျော်ထဲကနေ ‌အမျိုးသား ၁၇ ယောက်နဲ့ အမျိုးသမီး ၁၇ယောက် တက်ရောက်ခွင့်ရရှိခဲ့တာလည်းဖြစ်ပြီး သရုပ်ဆောင် အခမဲ့ ၁၀ ရက်တာ သင်တန်းကို သင်တန်းသားအားလုံး သင်တန်းဆင်းတာလည်းဖြစ်ပါတယ်။

This image has an empty alt attribute; its file name is 369653242_265644349754423_8476840049890973911_n-1024x806.jpg

ဒါ့အပြင် Blessed Entertainment ရဲ့ ခြေလှမ်းသစ်တစ်ရပ်ဖြစ်တဲ့ BE Production က ထုတ်လုပ်ရိုက်ကူးမယ့် “အဆောင်” ဇာတ်လမ်းတွဲအတွက် အဓိကသရုပ်ဆောင်နေရာတွေကို AAA (ပညာဒါနသရုပ်ဆောင်သင်တန်း ၂၀၂၃) သင်တန်းဆင်းတွေထဲက ရွေးချယ်ရိုက်ကူးမယ်လို့ သိရပါတယ်။

အခြားထုတ်လုပ်ရေးတွေ ရုပ်သံလိုင်းတွေရဲ့ ရုပ်ရှင်၊ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ၊ ဇာတ်လမ်းတိုတွေ ၊ ကြော်ငြာတွေလည်း ဆက်လက်ရိုက်ကူးခွင့်ရရှိမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *